Latest News

Saturday, September 2, 2017

မြို့ ၅ မြို့တွင် စိုးရိမ်ရေမှတ်ကျော်နေ

မြို့ ၅ မြို့တွင် စိုးရိမ်ရေမှတ်ကျော်နေ

ဧရာဝတီ၊ စစ်တောင်းနဲ့ ငဝန်မြစ်ကမ်းမှာ ရှိနေတဲ့ မြို့တချို့မှာ စိုးရိမ်ရေမှတ်ကျော်နေတယ်လို့ မိုးလေ ဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဧရာဝတီမြစ်ရေဟာ ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာ စိုးရိမ်ရေမှတ်ထက် သိသိသာသာ ကျော်နေပြီး နောက် ၂ ရက်အတွင်း ပြန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စစ်တောင်းမြစ်ရေဟာ တောင်ငူနဲ့ မဒေါက်မြို့တွေမှာ စိုးရိမ်ရေမှတ်ထက်ကျော်နေပြီး တောင်ငူမြို့ အနိမ့်ပိုင်းတွေမှာ ရေဝင်ရောက်နေပြီး မဒေါက်မြို့မှာတော့ နောက် ၂ ရက်အထိ စိုးရိမ်ရေမှတ် ကျော်နေဦးမယ်လို့ သိရပါတယ်။

ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်ထက် သိသိသာသာ ကျော်နေပြီး နောက် ၂ ရက်အထိ စိုးရိမ်ရေမှတ် ကျော်နေဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။


DVB

No comments:

Post a Comment