ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ထဲမှာ ပေါက်ကွဲအား ပြင်းထန်တဲ့ ဗြောက်အိုး တွေကို သီတင်းကျွတ်ကာလမတိုင်မီ ရောင်းချသုံးစွဲနေတဲ့ အတွက် ဌာနဆိုင်ရာတွေအနေနဲ့ အရေးယူစေချင်တယ်လို့ ဒေသခံ တွေကြေေပြောပါတ
ယ်
ကညွှတ်ကွင်းမြို့မှာ နေထိုင်တဲ့ ဦးသိန်းမြင့်က “အခု ဖောက်နေကြတာက သီတင်းကျွတ်လည်း မရောက်သေးဘူး။ ပြီးတော့ ဗြောက်တွေကလည်း ဖောက်လိုက်ရင် ဗုံးပေါက်သလားထင်ရတယ်။ မြေပါ တုန်သွားတယ်။ အဲဒါတွေကို ဌာနဆိုင်ရာအနေနဲ့ အရေးယူသင့်နေပြီ။ ပြီးတော့ ခေတ်ကာလကလည်း သိတဲ့အတိုင်းပဲလေ။ တော်ကြာ ဗြောက်လား ဗုံးလား မသိဘဲ ဖြစ်သွားနိုင်တယ်။ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအတွက် ပြောတာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကညွှတ်ကွင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတဦးက “ကျနော်တို့ကို မြို့နယ်ကလည်း စာထုတ်ထားပါပြီ။ ကျနော်တို့ ထပ်ပြီးကြေညာမယ်။ မြို့ထဲကို စက်နဲ့လှည့်ပြီး အော်မှာပါ။ အဲဒီလို ကြေညာပြီးရင်တော့ အရေးယူ ဆောင်ရွက်မှုတွေကို ဆက်ပြီးလုပ်သွားမှာပါ”လို့ ပြောပါတယ်။
လက်ရှိ ဖြူးမြို့နယ်ထဲမှာ အသုံးပြုနေတဲ့ ဗြောက်အိုးတွေဟာ တရုတ်နိုင်ငံ က ထုတ်လုပ်တာဖြစ်ပြီး အသံလွန်စွာ ကျယ်လောင်သလို သုံးစွဲသူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်တယ်လို့ ဆိုပါတယ်။
သတင်း – ကျော်အောင် (ကညွတ်ကွင်း)
DVB
Wednesday, September 20, 2017
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ထဲမှာ ပေါက်ကွဲအား ပြင်းထန်တဲ့ ဗြောက်အိုး တွေကို သီတင်းကျွတ်ကာလမတိုင်မီ ရောင်းချသုံးစွဲနေတဲ့ အတွက် ဌာနဆိုင်ရာတွေအနေနဲ့ အရေးယူစေချင်တယ်လို့ ဒေသခံ တွေက ပြောပါတယ်
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ထဲမှာ ပေါက်ကွဲအား ပြင်းထန်တဲ့ ဗြောက်အိုး တွေကို သီတင်းကျွတ်ကာလမတိုင်မီ ရောင်းချသုံးစွဲနေတဲ့ အတွက် ဌာနဆိုင်ရာတွေအနေနဲ့ အရေးယူစေချင်တယ်လို့ ဒေသခံ တွေက ပြောပါတယ်
Reviewed by Ar Ti
on
10:13 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment