Latest News

Friday, September 1, 2017

ဧရာဝတီဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ် သို့ လှုဒါန်း

ဧရာဝတီဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ် သို့ လှုဒါန်း

ဧရာဝတီဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်အတွင်း နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက်နှင့် အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် ငွေကျပ် သိန်းတစ်ထောင်ကို ၂၀၁၇ စက်တင်ဘာလ (၁)ရက်နေ့က နေပြည်တော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ခန်းမတွင် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့ပြင် ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်စဉ်များအတွင်း ဆုံးပါးခဲ့သူ နိုင်ငံ့သားကောင်းဝန်ထမ်းများအတွက် ၄င်းတို့၏ ကျန်ရစ်သူမိသားစုများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ၂၀၁၇ ဩဂုတ်လ (၂၉)ရက်နေ့ကလည်း ငွေကျပ် သိန်းသုံးရာကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Ayeyarwady Foundation

No comments:

Post a Comment