ဧရာဝတီတိုင်းဒေသကြီး၌ မိုးစပါး ၃၄၉၄၄၄ဝ ဧက စိုက်ပျိုးပြီးစီး
ကျောင်းကုန်း စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၌ ၂ဝ၁၇ ခုနှစ် မိုးစပါး စိုက်ရာသီ၌ လျာထားဧကပေါင်း ၃၇၁၂၃၆၇ ဧကလျာထားလျက်ရှိရာ ယနေ့ အထိ ၃၄၉၄၄၄ဝ ဧက စိုက်ပျိုးပြီးစီးပြီဖြစ် ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ လပွတ္တာ၊ မအူပင် နှင့် ဖျာပုံခရိုင်တို့တွင် မိုးစပါးစိုက်ရာသီ တွင် လျာထားဧက ၃၇၁၂၃၆၇ ဧက အနက်မှ ၃၄၉၄၄၄ဝ ဧက စိုက်ပျိုး ပြီးစီးခဲ့သည်။
၂ဝ၁၇ ခုနှစ် မိုးစပါး စိုက်ရာသီတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်၍ လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးကို စက်တင်ဘာလကုန်အထိ လုပ်ဆောင်သွားမည် ဖြစ်သော်လည်း သတ်မှတ်ချိန်ထက် စော၍ စက်တင်ဘာလ ဒုတိယပတ်တွင် လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်မည်ဖြစ်သည်။
စက်တင်ဘာ ဒုတိယပတ်အကုန်တွင် ဧရာဝတီတိုင်း ဒေသကြီး၏ မိုးစပါးလျာထား စိုက်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
မြဝတီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment