ဒါးကမြစ်ရေ ဒုတိယအကြိမ် မြင့်တက်လာမှုကြောင့် ကျောင်းကုန်းမြို့ သားငါးဈေး ရွှေ့ပြောင်း ရောင်းချနေရ
ကျောင်းကုန်း စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီးတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒုတိယအကြိမ် ဒါးကမြစ်ရေ မြင့်တက်လာကာ ကျောင်းကုန်းမြို့ သားငါးဈေးအတွင်း ရေဝင်ရောက် လာမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဆိုင်ခန်းအချို့ ရေလွတ်ရာ အမှတ်(၂)ရပ်ကွက် ဗန္ဓုလလမ်းမြို့မ ဈေးရှေ့သို့ ယာယီရွှေ့ပြောင်း ရောင်းချနေရကြောင်း သိရသည်။
''ဇူလိုင်လအတွင်းက ပထမတစ်ခါ ရေတက်လို့ မိုးလုံလေလုံ အားကစားခန်းမ ရှေ့ကို တစ်ကြိမ်ရွှေ့ရောင်းရတာရှိပါတယ်။ နောက်ရေပြန်ကျတဲ့ အချိန်မှာ မူလဆိုင်ခန်း နေရာတွေကို ပြန်ဆင်းပြီး ဈေးရောင်း ရပါတယ်။
အခုတစ်ကြိမ်မှာလည်း ရေပြန်တက်လာလို့ အခြေအနေကြည့်ပြီး ရွှေ့ပြောင်းနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ရွှေ့ပြောင်း ကုန်ကျစရိတ်၊ ဈေးရောင်းရမယ့်အချိန်၊ ရရှိတဲ့ဝင်ငွေနဲ့ ပတ်သက်လို့တော့ အဆင်မပြေမှာ စိုးရိမ်မိတယ်'' ဟုဈေးရောင်းချနေသူ တစ်ဦးကပြောသည်။
အဆိုပါသားငါးဈေးတွင် ဆိုင်ခန်းပေါင်း ၆ဝ ကျော် ရောင်းချလျက်ရှိပြီး ရေဝင်ရောက်လာမှုကြောင့် ဆိုင်ခန်း ၂ဝ ကျော်ရွှေ့ပြောင်း ရောင်းချ နေကြသည်။ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှ စ၍ ကျောင်းကုန်းမြို့တွင် နှစ်စဉ်ရေကြီး နစ်မြုပ်မှုနှင့် ကြုံတွေ့နေရပြီး ဒါးကမြစ်ရေမှာလည်း အခြားမြို့များမှ မြစ်ရေ တိုးလာသည့်အခါ စီးဆင်းမှု အင်အား လျော့နည်းလာသည့် အတွက် ယခုကဲ့သို့ ရေကြီးမှုများ နှင့် ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။
မြဝတီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment