Latest News

Friday, September 1, 2017

ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်သည့်အဖွဲ့မောင်တောဒေသရှိ ယာယီတိမ်းရှောင်နေသူများအားအရေးပေါ်စားနပ် ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိ

ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်သည့်အဖွဲ့မောင်တောဒေသရှိ ယာယီတိမ်းရှောင်နေသူများအားအရေးပေါ်စားနပ် ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိ


မောင်တော စက်တင်ဘာ ၁

ARSA အစွန်းရောက်အကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် ခေတ္တထွက်ပြေး တိမ်းရှောင်ခိုလှုံ နေကြသည့် ဒေသခံပြည်သူများအတွက် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်ဝေဠုကျော် နှင့် စာရေးဆရာဝေဟင်အောင်(စစ်တွေ) တို့ ဦးဆောင်သည့် ဝေဠုကျော်ဖောင်ဒေး ရှင်းမှ ငွေ$ကျပ်သိန်း ၃ဝဝ ကျော်တန်ဖိုးရှိ အရေးပေါ်စားနပ်ရိက္ခာများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးမှုနှင့် ပတ်သက်ပြီး ကိုဝေဠုကျော်က ''ဒီမှာ ထွေထွေထူးထူး ဖြစ်စဉ်တွေတော့ မရှိပါဘူး။ ကျွန်တော့်ရဲ့ အမြင်ကတော့ ဒေသခံပြည်သူတွေမှာ ထိတ်လန့်စိုးရိမ်မှုတွေ ရှိနေတာကို မြင်တွေ့ရပါတယ်။ လောလောဆယ် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ယာယီ ရှောင်တိမ်းနေရတဲ့ ဒေသခံပြည်သူတွေ အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတာပါ''ဟု ပြော သည်။
ဝေဠုကျော်ဖောင်ဒေးရှင်းအဖွဲ့သည် ယမန်နေ့က မောင်တောမြို့နယ် သုံးမိုင်၊ လေးမိုင်ကျေးရွာတို့တွင် နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားများ၊ မောင်တောမြို့ မြို့မရပ်ကွက် မူလတန်းကျောင်းတွင် ခိုလှုံနေကြသည့် ဟိန္ဒူမိသားစုဝင်များ အတွက် ဆန်နှင့် အခြားစားနပ်ရိက္ခာ များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

ထို့အပြင် မောင်တောရှိ အလိုတော် ပြည့် ပရဟိတကျောင်းနှင့် ဘင်္ဂလားဒေ့ရှ် ဘုန်းတော်ကြီးကျောင်းများ အတွက် လည်း စားနပ်ရိက္ခာများ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဒေသလုံခြုံရေး အခြေအနေအရ သွားလာရန်ခက်ခဲသည့် နေရာများ အတွက် ကျီးကန်းပြင်စခန်းသို့ လစာ လာထုတ်သည့် မော်တော်ယာဉ်ဖြင့် ထောက်ပံ့ပစ္စည်းများ တင်ပို့ပေးခဲ့ ကြောင်း၊ သွားလာ၍ရသည့် နေရာများ သို့ သွားရောက်ထောက်ပံ့ပေးမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်က ပြောသည်။

သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ် များကြောင့် နေအိမ်များမှ ခေတ္တ ထွက်ပြေးတိမ်းရှောင်၍ ယာယီစခန်း များတွင် ဝင်ရောက်ခိုလှုံနေထိုင်လျက် ရှိသော ဒေသခံပြည်သူများအတွက် ဝေဠုကျော်ဖောင်ဒေးရှင်းမှ သြဂုတ် ၃ဝ ရက်က စတင်ပြီး လိုအပ်လျက်ရှိသည့် စားနပ်ရိက္ခာများကို သွားရောက် ထောက်ပံ့လှူဒါန်းလျက်ရှိရာ သြဂုတ် ၃၁ ရက်အထိ ဆန်အိတ် ၁၃ဝဝ၊ အားလူး အိတ် ၅ဝ ၊ ဆီ ပိဿာ ၁ဝဝ ၊ ကြက်သွန် အိတ် ၂ဝ စုစုပေါင်း ငွေကျပ်သိန်း ၃ဝဝ ကျော်တန်ဖိုးခန့် ထောက်ပံ့လှူဒါန်းပြီးဖြစ် ကြောင်း သိရသည်။

သတင်း-တင်မောင်လွင်၊ မင်းထက်အောင်
ဓာတ်ပုံ - မောင်မွှေး

Ref : MOI Webportal Myanmar

No comments:

Post a Comment