Latest News

Wednesday, September 27, 2017

ဧရာဝတီတိုင်းဒေသကြီးတွင် တစ်နှစ်လျှင် ဆင်ဆယ်ကောင်ခန့် သတ်ဖြတ်ခံနေရ

ဧရာဝတီတိုင်းဒေသကြီးတွင် တစ်နှစ်လျှင် ဆင်ဆယ်ကောင်ခန့် သတ်ဖြတ်ခံနေရ

ဧရာဝတီတိုင်းဒေသကြီးတွင်  တစ်နှစ်လျင် ဆင်ဆယ်ကောင်ခန့်  သတ်ဖြတ်ခြင်းခံနေရသည်ဟု တိုင်းဒေသကြီး သစ်တော ဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးဌေးလှိုင်ကပြောသည်။
“စာရင်းပြန် ချုပ်လိုက်ရင် တောဆင်ရိုင်းသေဆုံးမှုက တစ်နှစ်ကို ကိုးကောင် ဆယ်ကောင်လောက်တော့  သေကြတာပဲ “ဟု ၄င်းကပြောသည်။
၂၀၁၇ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း တောဆင်ရီုင်း(၁၁)ကောင် သေဆုံးခဲ့ ပြီး နှစ်ကောင်မှာ သဘာဝအတိုင်းသေတာဖြစ်သော်လည်း အခြား (၉)ကောင်မှာ ဆင်မုဆိုများ၏ လက်ချက်ဖြင့်သေဆုံးခဲ့ သည် သစ်တော ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ဆင်သတ်ဂိုဏ်းများ၏ တောဆင်ရီုင်းများသတ်ဖြတ်ခံရမှုကို မထိမ်းချုပ်နိုင်ကြောင်းလည်း ဦးဌေးဝင်းကပြောသည်။
မထိမ်းချုပ်နိုင်ဖူးဆိုတာက သူတို့ က ရခိုင်ရီုးမဘက်မှအနေများကြတာ နောက်တော့ သူတို့ နေထိုင်ရာဒေသတွေမှာ သစ်တောတွေက ပြုန်းလာတော့ လူတွေ နဲ့ နီးတဲ့ နေရာဒေသကို ဆင်းလာတော့  ဆင်မုဆိုးတွေကလည်း တောထဲ လိုက်ပစ်စရာမလိုတော့ ဘူး လွယ်ကူနေတာပေါ့ ကျန်တော်တို့ ကလည်း ဒါကိုတော့ စစ်ကြောင်းတွေနဲ့  ရဲတွေနဲ့ ပူးပေါင်းဖော်ထုတ်နေတယ် “ဟု ၄င်းကပြောသည်။
သစ်တောဖုံးလွမ်းဧရီယာများရှားပါးလာပြီးနေထိုင်ကျက်စာားဒေသများရှားပါးလာခြင်းကြောင့် တောဆင်ရီုင်များမှာ မျိုးတုန်းပျောက်ကွယ်မည့်အခြေနေများနှင့် ရင်ဆိုင်နေရသည်ဟု သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးပညာရှင်များကပြောသည်။
တောဆင်ရီုင်းများ သတ်ဖြတ်မှုများကို ကာကွယ်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့  အနေဖြင့် လည်း ဆင်သတ်ဂိုဏ်နှိမ်နင်းရေး စစ်ဆင်ရေးတစ်ရပ်အနေဖြင့်ဆောင်ရွက်နေကြောင်းသိရသည်။

သစ်တော ဦးစီးဌာန၏ ခန့် မှန်းတွက်ချက်ထားသည့် စားရင်းဇယားများအရ ဧရာဝတီတိုင်းဒေသကြီးက ပုသိမ် ငပုတော သာပေါင်းမြို့ နယ်များတွင် တောဆင်ရီုင်း အကောင်(၂၀၀)ခန့် သာရှိတော့ သည်။
မြန်မာတောဆင်ရီုင်း လျော့နည်လာမှုအပေါ် ထိမ်းသိမ်းရေးလုပ်ငန်းများလုပ်ငန်းများလုပ်ဆောင်ရန် သြစတေးလျ နိုင်ငံအခြေစိုက် Four  Paws  International ပံ့ ပိုးကူညီမှုဖြင့် ယူရို ၁ဒသမ ၈  သန်း အသုံးပြုကာဆင်ထိမ်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်မည်ဟု သစ်တော ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

မျိုးမင်းပိုင်

No comments:

Post a Comment