Latest News

Friday, September 29, 2017

မူးယစ်ဆေးဝါး သုံးစွဲသူကို လူမှုရေးပြစ်ဒဏ်ပေးမယ့် မူဝါဒသစ်၂၀၁၇ နှစ်ကုန်မှာ ပြဌာန်းမယ်

မူးယစ်ဆေးဝါး သုံးစွဲသူကို လူမှုရေးပြစ်ဒဏ်ပေးမယ့် မူဝါဒသစ်၂၀၁၇ နှစ်ကုန်မှာ ပြဌာန်းမယ်

အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒအသစ်ကို ၂၀၁၇ ခုနှစ် နှစ်ကုန် (သို့မဟုတ်) ၂၀၁၈ ခုနှစ် နှစ်စမှာ ပြဋ္ဌာန်းနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မူးယစ်ဆေးဝါးတားဆီးနှီမ်နင်းရေးတပ်ဖွဲ့ စီမံကိန်းဌာန (ဌာနမှူး)၊ မူဝါဒအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ခေါင်းဆောင် ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

“ လူငယ်တွေ မူးယစ်ဆေး ၀ါးသုံးစွဲမှုအပေါ်မှာ ဘယ်လိုအရေးယူမယ်ဆိုတဲ့ အပိုင်းရယ်၊ နောက်ပြီး အသေးစားပြစ်မှုတွေအပေါ် ဘယ်လိုအရေးယူ ဆောင်ရွက်သွားမလဲဆိုတဲ့ အပိုင်းတွေ ပါဝင်ပါတယ်။ နောက်တခုက အကြီးစားပေါ့။ ဂိုဏ်းဖွဲ့ ကျူးလွန်တဲ့ဖြစ်စဉ်တွေပေါ့။ အကြီးစားဖမ်းဆီးရမိမှုတွေ၊ အကြီးမား သယ်ဆောင်ရောင်းဝယ်မှုတွေ ပါဝင်တာပေါ့။ ဒါတွေကို ဘယ်လိုထိန်းချုပ် တားဆီးသွားမလဲဆိုတဲ့ ကိစ္စမူဝါဒထဲမှာ ပါဝင်ပါတယ်”လို့  ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒရေးဆွဲရေးကော်မတီမှာ ၀န်ကြီးဌာန ၁၇ ခုပါဝင်ပြီး မူဝါဒအသစ်ကို ၂ နှစ်စာအက်ရှင် ပလန်တခုရေးဆွဲပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်မချမှတ်တော့ဘဲ လူမှုရေးပြစ်ဒဏ်ပဲချမှတ်တော့ မယ်လို့ သိရပါတယ်။

“မကြာမီမူးယစ်ဆေးဝါး ဥပဒေပြင်တော့မယ်။ မူးယစ်ဆေးဝါးသုံးစွဲသူကို ပြစ်ဒဏ်မပေးတော့ဘူး။ သူတို့ကို လူမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းထဲကို ပြန်ခေါ်မယ်။ ဒါကိုဘယ်သူတွေ လက်ခံပေးမလဲ။ လူထုက လက်ခံပေးရမယ်။ အဲဒီအခါမှာ လူထုရဲ့ပူးပေါင်းပါဝင်မှုက သူတိုရဲ့ဘ၀ရှင်သန်ရေးကို အများကြီးအထောက်အကူဖြစ်စေ မှာဖြစ်ပါတယ်”လို့ ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

Source & Photo : New Watch,Frontier

Duwun

No comments:

Post a Comment