လျှပ်စစ် ဖြန့်ဖြူးရေး အတွက် ထရန်စဖော်မာ အလုံး ၅,ဝဝဝ ကျော်
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ဝယ်ယူ
လျှပ်စစ် ဖြန့်ဖြူးရေး တိုးချဲ့ လုပ်ဆောင်ရန် အတွက် အမေရိကန် ဒေါ်လာ ၁၅ သန်းနှင့် ညီမျှသည့် ဖြန့်ချီရေး ထရန်စဖော်မာ (Distribution Transformer) အလုံး ၅,ဝဝဝ ကျော်ကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက နိုင်ငံခြား ဖက်စပ် ကုမ္ပဏီ တစ်ခုထံမှ မှာယူထားကြောင်း အဆိုပါ ကုမ္ပဏီက တရားဝင် ထုတ်ပြန်လိုက်သည်။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အတွက် ဖြန့်ချီရေး ထရန်စဖော်မာ အလုံးရေ ပေါင်း ၅,၄ဝဝ ခန့်ကို ပေးပို့ရန် ပြည်တွင်း၊ ပြည်ပ ပူးပေါင်း ရင်းနှီးမြှုပ်နှံ ထားသည့် Hitachi Spe Electric & Machinery Co,Ltd က အမှာစာကို လက်ခံ ရရှိခဲ့သည်ဟု စက်တင်ဘာ ၂၈ ရက်တွင် ကုမ္ပဏီဘက်မှ ထုတ်ပြန်ခဲ့သည်။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး အတွက် ရည်ရှည် စီမံကိန်းများ အတွက် တစ်နှစ်ပြီး တစ်နှစ် တဆင့်ခြင်း အကောင် အထည်ဖော် လုပ်ဆောင်နေသည့် ထဲတွင် လျှပ်စစ် ဖြန့်ဖြူးရေး တိုးချဲ့ လုပ်ငန်းစဉ်များ အတွက် ထရန်စဖော်မာ တိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းစဉ်များ ပါဝင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ လက်ထောက် အတွင်းဝန်၊ ဦးအောင်ကျော်ထူးက မြန်မာတိုင်းမ်ကို ပြောသည်။
''ကျွန်တော်တို့ ကမ္ဘာ့ဘဏ် ကနေ ပိုက်ဆံ ချေးတာ ရှိတယ်။
Transmission Line များအတွက် လုပ်ရတာ ရှိတယ်။
ဂက်(စ်) တာဘာတိုင်တွေ ပြန်လည် ပြုပြင် မွန်းမံတာ လုပ်ရတာ ရှိတယ်။ လိုအပ်တဲ့ ဆက်စပ် ပစ္စည်း ကိရိယာ၊ ထရန်စဖော်မာတွေ၊ ဘာတွေ ဝယ်ရတာ ရှိတယ်။ အဲဒါတွေက သူ့ Action Plun နဲ့ သူသွားနေတာ။ အဲဒါတွေက ပုံမှန် စီမံကိန်း အနေနဲ့ သွားနေတာ'' ဟု ၄င်းက ပြောသည်။
NEP အကောင်အထည် ဖော်ရန်အတွက် ပထမဆုံး အကြိမ် ပုံမှန် လေလံ ခေါ်ယူခဲ့ပြီး ဟီတာချီစိုး လျှပ်စစ် ကုမ္ပဏီက အမှာစာ လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ကုမ္ပဏီက Distribution Transformer များကို စတင် ပေးပို့မည် ဖြစ်သည်။ ယင်း အစီအစဉ်သည် ၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ၅ဝ ရာခိုင်နှုန်းခန့် အထိ လျှပ်စစ်စွမ်းအား တိုးမြှင့် ပေးဝေနိုင်စေမည့် အစီအစဉ်ကို ပြည့်မီစေရန် အကူအညီ ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။
မြန်မာတိုင်း(မ်)
Photo - Facebook
Friday, September 29, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment