Latest News

Friday, September 29, 2017

မူးယစ်ဆေးဝါးထုတ်လုပ်သုံးစွဲမှု ပိုမြင့်မားလာတယ်လို့ ပြည်ထဲရေးဒုဝန်ကြီးပြော

မူးယစ်ဆေးဝါးထုတ်လုပ်သုံးစွဲမှု ပိုမြင့်မားလာတယ်လို့ ပြည်ထဲရေးဒုဝန်ကြီးပြေ


မြန်မာနိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ သုံးစွဲမှုတွေက အရင်ကထက် မြင့်တက်လာတယ်လို့ သုံးသပ်ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောလိုက်ပါတယ်။

စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက နေပြည်တော်၊ Park Royal Hotel မှာ ကျင်းပတဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ကုသရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲမှာ ဗိုလ်ချုပ်အောင်စိုးက အခုလိုထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပြဿနာကို အမျိုးသားရေး ပြဿနာအဖြစ်ခံယူပြီး မူးယစ်ဆေးဝါး ထိန်းချုပ်ရေး နည်းလမ်းတွေနဲ့ ကာကွယ် တိုက်ဖျက်ခဲ့ပေမယ့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာတွေက တစ်နှစ်ထက်တစ်နှစ် ကိန်းဂဏန်းတွေ မြင့်တက်လျက်ရှိပြီး မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ဖမ်းဆီးရမိမှု မြင့်တက်လာတာကြောင့် ထုတ်လုပ်မှုနဲ့ သုံးစွဲမှုမြင့်တက်လာတယ်လို့ သုံးသပ်ရကြောင်း ဒုဝန်ကြီးက ပြောပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို မူးယစ်ဗဟိုအဖွဲ့နဲ့ မူးယစ်ဗဟိုအောက်က လုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့က ကိုယ်စားလှယ်တွေ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Source : The Ladies News

Duwun

No comments:

Post a Comment