Latest News

Friday, September 1, 2017

မိဘနှင့်ကွဲလာသောတောဆင်ရိုင်းကလေးတစ်ကောင်ကိုတာဝန်ရှိသူများထိန်းသိမ်းထား

မိဘနှင့်ကွဲလာသောတောဆင်ရိုင်းကလေးတစ်ကောင်ကိုတာဝန်ရှိသူများထိန်းသိမ်းထား

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စု ဝါးကလောကျေးရွာအနီး မြစ်တစ်ရာသစ်တောကြိုးဝိုင်း ကွင်းအမှတ်(၁၉၁)တွင် မိဘအုပ်နှင့်ကွဲလာသောတောဆင်ရိုင်း ကလေးတစ်ကောင်အားတွေ့ရှိကာ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများမှထိန်းသိမ်းထား ကြောင်းသတင်းရရှိသည်။

မိဘအုပ်နှင့်ကွဲလာသော ဆင်ကလေးမှာ အမဖြစ်ပြီးအသက်၈နှစ်ခန့် lလုံးပတ် ၅ပေlအမြင့်၃ပေ၁၀လက်မlဘုတ်မျက်လုံး lနားရွက်ကြီး အမျိုးအစားဖြစ်ပြီး မြန်မာ့သစ်လုပ်ငန်းသို့လွဲအပ်ကာ တောဆင်ရိုင်းပေါက် ကျုံကူးမေlဧရာမောင်တို့နှင့်နီးစပ်သောဆင်စခန်းများတွင်ထားရှိသွားမှာ ဖြစ်ကြောင်းဆင်ဆရာဝန်ကပြောသည်။

မြစ်တစ်ရာကြိုင်းဝိုင်းအတွင်း တောဆင်ရိုင်း ကလေးတစ်ကောင်မိဘအုပ်နှင့်ကွဲကာမျက်စိလည်လမ်းပျောက်နေကြောင်း ဒေသခံများ၏သတင်းပေးပို့မှုအရ ငရုပ်ကောင်းတောင်အုပ်ချုပ်ရေးအဖွဲ့အစည်းများ နယ်မြေခံရဲများ သစ်တောမှတာဝန်ရှိသူများ သစ်တောရဲများ ငရုပ်ကောင်းကျေးရွာသားများနှင့်EERU တိရိစ္ဆာန်ဆေးကုသရေးအဖွဲ့တို့မှသွားရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ငပုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယာယီထိန်းသိမ်းထားကြောင်းသိရသည်။

"ဆင်ကလေးတစ်ကောင် မြစ်တာကြိုးဝိုင်းထဲမှာ မိဘအုပ်နဲ့ကွဲပြီး မျက်စိလည်လမ်းပျောက်နေတာလွန်ခဲ့တဲ့၃ရက်လောက်ထဲကသတင်းရရှိပါတယ် ကြိုးဝိုင်းထဲသွားတဲ့ရွာသားတွေနဲ့လဲတွေ့တယ် ဒါပေမဲ့သူကလူကိုရန်မပြုဘူး မိဘတွေကပြန်လာခေါ်မလားဆိုပြီး ကျွန်တော်တို့၃ရက်အထိစောင့်ကြည့်ပါသေးတယ် လာမခေါ်လို့ဆင်ကလေးအတွက် ကြိုးဝိုင်းအတွင်းမှဆက်ထားရင်အန္တရာယ်ရှိလာနိုင်ပါတယ် ဒါကြောင့်ထိန်းသိမ်းစောင့်ရှောက်ဖို့ဖမ်းတာပါ "တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်မြင့်ထွန်းကပြောသည်။

အဆိုပါတောဆင်ရိုင်းကလေးကိုသွားရောက်ဖမ်းဆီးရာတွင် ယင်းဒေသရှိသစ်ထုတ်လုပ်ရေးဆင်များဖြစ်သော ဗိုလ်ဟိန်းlချစ်ဟိန်းဇော်နာမည်ရှိဆင်ထီး နှစ်ကောင်နှင့် နေ့လည်ပိုင်း၁၂နာရီခန့်တွင် တောထဲမှသွားရောက်တွဲခဲ့ပြီး လမ်းတစ်ဝက်သို့ရောက်သောအခါ ယင်းဆင်ကလေးကတောထဲသို့ရုန်းကာထွက်ပြေးဖို့ပြုသောကြောင့် လူအင်အားများသုံးကာ ပြန်လည်ခေါ်ဆောင်ခဲ့ရကြောင်းငရုပ်ကောင်းရွာသားကိုကျော်ရှိန်ကပြောသည်။

 ထက်ဝဠာမင်း(ပုသိမ်)

No comments:

Post a Comment