Latest News

Saturday, September 23, 2017

ပြောင်းလဲ လိုက်တဲ့ စနစ်သစ် အရ AFF SUZUKI ဖလား ပြိုင်ပွဲ မှာ ၁၀ နိုင်ငံ ယှဉ်ပြိုင် ရမည်

ပြောင်းလဲ လိုက်တဲ့ စနစ်သစ် အရ AFF SUZUKI ဖလား ပြိုင်ပွဲ မှာ ၁၀ နိုင်ငံ ယှဉ်ပြိုင် ရမည်

မူလက စုစုပေါင်း ၈ နိုင်ငံသာ ယှဉ်ပြိုင် ခွင့်ရခဲ့တာဖြစ်ပြီး ၂၀၁၈ အတွက် စနစ်သစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
အာရှ ဘောလုံး အဖွဲ့ချုပ်က လာမယ့် ၂၀၁၈ ခုနှစ်မှာ AFF Suzuki Cup အတွက် စနစ်သစ် ကို ပြောင်းလဲကျင့်သုံးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ပြောင်းလဲခဲ့တဲ့ စနစ်သစ် အရ နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင် ယှဉ်ပြိုင် ကစားခွင့် ရရှိမှာဖြစ်ပြီး ယခင်က ၈ နိုင်ငံသာပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ အဆင့် ၁၀ နဲ့ အဆင့် ၁၁ မှာ ရပ်တည်နေတဲ့ အသင်း နှစ်သင်းဟာ ရှုံးထွက် ကစားရမှာဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်း က ပါဝင် ယှဉ်ပြိုင် ခွင့်ရရှိမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အင်ဒိုနီးရှား မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအရ ၂၀၁၈ AFF Championship ပွဲစဉ်အချိန်ဇယားတွေကို လာမယ့်မေလမှာ မဲနှိုက်ရွေးချယ်မှာဖြစ်ပြီး ထိပ်သီး အသင်း တွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်တို့ဟာ အုပ်စုအတူတူ ကျရောက်မှာမဟုတ်ဘဲ ရှောင်လွှဲခွင့် ပေးထားတယ်လို့ သိရပါတယ်။

နိုင်ငံ အလိုက် ရပ်တည်မှုအရ အဆင့် ၁၀ မှာ တီမော အသင်း က ရှိနေပြီး အဆင့် ၁၁ မှာ ဘရူနိုင်းအသင်းက ရှိနေတာကြောင့် ယင်းတို့ ၂ သင်းဟာ ပြိုင်ပွဲ မှာ ပါဝင်ခွင့်အတွက် ရှုံးထွက်ပွဲစဉ်ကို ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Credit : Duwun

No comments:

Post a Comment