Latest News

Saturday, September 23, 2017

ယာဉ်ကြော ပိတ်ဆို့မှု မျဉ်းဝါတားပါကင်တွေနဲ့ ဖြေရှင်းမည်

ယာဉ်ကြော ပိတ်ဆို့မှု မျဉ်းဝါတားပါကင်တွေနဲ့ ဖြေရှင်းမည်

ရန်ကုန်မြို့လူနေထူထပ်တဲ့ မြို့နယ်တွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေတာကို စနစ်တကျမျဉ်းဝါတားပါကင်တွေထားပြီး ဆောင်ရွက်ပေးမယ်လို့ ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။သူက လက်ရှိအနေအထားအရ ကားပါကင်ဟာ အပေါ်လဲမတက်နိုင်၊ မြေအောက်လဲမဆင်းနိုင်ဘဲ မြေပြင်မှာပဲအချင်းချင်းလုပြီးဆွဲနေရတဲ့အတွက် နောင်ကိုလဲဒီထက်ကျပ်ကျပ်လာမယ်၊ ပူးပေါင်းအဖြေရှာဖို့ လိုပါတယ်၊ ရေးဆွဲခြင်းလုပ်ငန်းတွေကိုလဲ ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက မြို့တွင်းခြောက်မြို့နယ်မှာရှိနေတဲ့ကားပါကင်နေရာတွေမှာ ကားကြီးတွေနဲ့ ကျူးကျော်ပြီး ဈေးရောင်းနေတဲ့ အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေတာကို စနစ်တကျရပ်နားနိုင်မယ့် ကားပါကင်နေရာတွေဆောင်ရွက်ပေးဖို့အစီအစဉ်ရှိမရှိ သည်နေ့လွှတ်တော်မှာမေးမြန်းပါတယ်။
ပြန်လည်ဖြေကြားရာမှာ လက်ရှိအချိန်မှာရာသီဥတုကြောင့် မျဉ်းဝါဆွဲခြင်းအစီအစဉ်တွေကိုရပ်နားထားပြီး ပွင့်လင်းရာသီရောက်ရင် လမ်းပေါက်ဖာတာတွေ၊ လမ်းပြင်တာတွေပါ တစ်ပြိုင်တည်းဆာင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

ပန်းဘဲတန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ယာဉ်ပေါင်းစုံဝင်ရောက်မှုများနေတဲ့အတွက် မြို့နယ်လူထုကလဲ သောကဖြစ်စရာတွေဖြစ်နေရတယ်၊ မြန်မာနိုင်ငံကလက်ယာကပ်မောင်းတဲ့ စနစ်ဖြစ်လို့ မျဉ်းဝါအတွင်းမှာစနစ်တကျ ရပ်နားမယ်ဆိုရင်ကောင်းမွန်တဲ့ ဖြေရှင်းမှုတစ်ခုဖြစ်မယ်ယုံကြည်ပါတယ်လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း လူနေထူတဲ့မြို့တွင်းမြို့နယ်တွေမှာ ကားပါကင်နေရာတွေနဲ့ ပတ်သက်ပြီး ရန်ဖြစ်တာတွေ၊ လူသေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

လမ်းဘေးဈေးသည်တွေကို နေရာရွှေ့ပေးထားပေမဲ့ အချို့ကလက်ရှိနေရာမှာပဲ ကိုယ်ပိုင်ကားတွေထိုးပြီးဈေးဆက်လက်ရောင်းနေကြပါတယ်။ နီးစပ်ရာ လူတွေကပဲနေရာဦးထားပြီး ကားပါ ကင်တွေမှာစီးပွား ဖြစ်လုပ်ကိုင်နေကြပါတယ်။

Author – အေးအေးအောင်
Credit: Kumudra

No comments:

Post a Comment