၄၅ မြို့နယ်မှ SME လုပ်ငန်းများကို စာရင်းကောက်ယူ
Smart Card ထုတ်ပေးပြီး ကတ်ရရှိသည့်လုပ်ငန်းများကို ရန်ကုန်မြို့တော်ဘဏ်မှ ငွေထုတ်ချေးနိုင်ရန် စီစဉ်ပေးမည်
ရန်ကုန်၊ သြဂုတ် ၂၈
ရန်ကုန် တိုင်းဒေသကြီးမှ မြို့နယ် ၄၅ မြို့ နယ်ရှိ SME လုပ်ငန်းများကို စာရင်း ကောက်ယူပြီး ဘဏ်ချေးငွေအလွယ် တကူထုတ်ယူနိုင်မည့် အချက်အလက် များပါဝင်မည့် SME Smart Card များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
သြဂုတ် ၂၈ ရက်က၊ ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြု လုပ်သည့် ဒုတိယသမ္မတနှင့် စီးပွား ရေးလုပ်ငန်းရှင်များ၊ န၀မအကြိမ် မြောက်တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ SME လုပ်ငန်းများအားလုံးကို တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် SME စာရင်းကောက်ယူသွားမည် ဖြစ်ပြီး ရရှိလာမည့် စာရင်းအချက် အလက်များကို နည်းပညာဖြင့် SME Smart Card များပြုလုပ်ပေးသွား မည်ဖြစ်ကာ အဆိုပါ Smart Card များတွင် SME လုပ်ငန်းများ၏ လုပ် ငန်းဆိုင်ရာအချက်အလက်များနှင့် ဘဏ်များမှ ချေးငွေအလွယ်တကူရ ရှိနိုင်ရန်အတွက် ချေးငွေဆိုင်ရာ အချက်အလက်များကို ထည့်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက "SME လုပ် ကိုင်သူတိုင်းရဲ့ လက်ထဲမှာ SME နဲ့ ပတ်သက်တဲ့ Data အားလုံးကို စာ ရင်းကောက်ယူထားတဲ့ အခြေအနေ တစ်ခုကို နည်းပညာနဲ့ ကျွန်တော်တို့ Smart Card တစ်ခု ထုတ်ပေးထား မှာ ဖြစ်ပါတယ်။ ဒီကတ်မှာ SME ရဲ့ ဒေတာအားလုံး ရှိနေမှာ ဖြစ်ပြီးတော့ သူ့ရဲ့ချေးငွေနဲ့ ပတ်သက်တဲ့ အချက် အလက်တွေအားလုံးလည်း ဒီမှာပါ ၀င်နိုင်ဖို့အတွက် ကျွန်တော်တို့ပေါင်း စပ်ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သိှု့SME လုပ်ငန်းများ အား စာရင်းကောက်ယူပြီးနောက် ရန်ကုန်မြို့တော်ဘဏ်မှ အဆိုပါ SME လုပ်ငန်းများအတွက် ချေးငွေ ပုံစံတစ်ခုဖြင့် ငွေထုတ်ချေးပေးနိုင် ရန်အတွက် စီစဉ်ပေးသွားမည် ဖြစ် ပြီး SME လုပ်ငန်းများကို ဘဏ်တွင် ချေးငွေ ရရှိနိုင်ရန်အတွက် အဆိုပြု လွှာ ရေးသားခြင်းမှစ၍ လုပ်ငန်းတိုး ချဲ့နိုင်ရန် အတွက် အကြံဥာဏ်ပေး ခြင်းကိုပါ ပြုလုပ်ပေးသွားရန် လုပ် ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိ ရသည်။
"အရပ်စကားနဲ့ ပြောမယ်ဆိုရင် ဘယ်သူ သူဌေးဖြစ်လာနိုင်သလဲဆို ပြီး ကျွန်တော်တို့ ဆွဲတင်ပေးဖို့ဖြစ်ပါ တယ်။ မဖြစ်နိုင်တဲ့သူတွေကို ချေး ငွေတွေ ထုတ်ချေးပြီး ကြိုးပမ်းနေမယ် ဆိုရင် သူတို့ဟာ ၀န်ထုပ်ဝန်ပိုးဖြစ်ပြီး တော့ ဒုက္ခရောက်သွားနိုင်စရာရှိပါ တယ်။ ဒီအတွက် သေချာပေါက်အောင် မြင်မယ့် စီးပွားရေးလုပ်ငန်းရှင် အသေး စား၊ အလတ်စား စီးပွားရေးလုပ်ငန်း လေးတွေကို ချက်ချင်း ဆွဲတင်နိုင်ဖို့ အတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင် ရွက်ရမှာ ဖြစ်ပါတယ်"ဟု ၀န်ကြီးချုပ် က ဆက်လက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ SME လုပ်ငန်းများကို ယင်းသို့ စာရင်းကောက်ယူရာတွင် SME လုပ် ငန်းများအပြင် အိမ်တွင်း စက်မှုလက် မှုလုပ်ငန်းများ စာရင်းကိုပါ တစ်ပါ တည်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
PP
Democracytoday
Monday, August 28, 2017
၄၅ မြို့နယ်မှ SME လုပ်ငန်းများကို စာရင်းကောက်ယူ Smart Card ထုတ်ပေးပြီး ကတ်ရရှိသည့်လုပ်ငန်းများကို ရန်ကုန်မြို့တော်ဘဏ်မှ ငွေထုတ်ချေးနိုင်ရန် စီစဉ်ပေးမည်
၄၅ မြို့နယ်မှ SME လုပ်ငန်းများကို စာရင်းကောက်ယူ Smart Card ထုတ်ပေးပြီး ကတ်ရရှိသည့်လုပ်ငန်းများကို ရန်ကုန်မြို့တော်ဘဏ်မှ ငွေထုတ်ချေးနိုင်ရန် စီစဉ်ပေးမည်
Reviewed by Ar Ti
on
11:28 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment