Latest News

Monday, August 28, 2017

မြန်မာကုန်သည်များက ပဲဈေးကို ချုပ်ကိုင်ထား၍ အခက်အခဲကြုံရခြင်းဟု ဦးဖြိုးမင်းသိန်းဆို

မြန်မာကုန်သည်များက ပဲဈေးကို ချုပ်ကိုင်ထား၍ အခက်အခဲကြုံရခြင်းဟု ဦးဖြိုးမင်းသိန်းဆို

ရန်ကုန်၊ သြဂုတ် ၂၈

မြန်မာကုန်သည်များက လွန်ခဲ့သည့် သုံးနှစ်အတွင်း ပဲဈေးကို တင်းတင်းမာမာ ဆုပ်ကိုင်ထားမှုကြောင့် အိန္ဒိယနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ မရေးထိုးနိုင်ခဲ့ဘဲ ပဲတင်သွင်းခွင့်မူဝါဒ ပြောင်းလဲလိုက်သည့်အချိန်တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရခြင် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မြန်မာနိုင်ငံထွက်ပဲကို အိန္ဒိယကသာ အဓိကဝယ်ပြီး အခြားဈေးကွက်က ဝယ်ယူမှု နည်းသဖြင့် လုပ်ငန်းရှင်များ အနေနှင့် ညှိနှိုင်းဆောင်ရွက်သည့်အခါ မိမိအကျိုးအမြတ်၊ လယ်သမားများ အကျိုးအမြတ်အတွက်နှင့် နိုင်ငံတော်အကျိုးအမြတ်အတွက် အကျိုးအမြတ် မျှမျှတတ ချင့်ချိန်၍ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အခုဖြစ်လာတော့မှ ဖြေကို ဖြေရှင်းပေးပါ။ မဖြေရှင်းပေးရင် လယ်သမားတွေ ဒုက္ခရောက်တော့မှ ဆိုတာ ဒီအဖြေက မမှန်ပါဘူး။ ပဲလုပ်ငန်းကိုလုပ်တာ လယ်သမား မဟုတ်ပါဘူး။ ကုန်သည်တွေ လုပ်တာပါ” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အိန္ဒိယနိုင်ငံမှ တရားဝင်စာချုပ်ချုပ်ဆို ဝယ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ဈေးကွက်ထိန်းချုပ်မှုများကြောင့် သဘောတူ လက်မှတ်မရေးထိုးခဲ့ရကြောင်းနှင့် ပြည်တွင်းပဲလုပ်ငန်းရှင်များ အနေနှင့်လည်း နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်ပါက ဈေးကွက်ကို ထိန်းချုပ်မထားဘဲ စနစ်တကျ ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း ၎င်းက ဆိုသည်။

ဥရောပနှင့် ဂျပန်နိုင်ငံများတွင် ပိုးသတ်ဆေးအသုံးမှုပြု ကန့်သတ်ချက် များသဖြင့် မြန်မာ့ပဲ ပို့နိုင်ရေး အခက်ကြုံနိုင်ပြီး အိန္ဒိယပဲဈေးကွက်သည် ပိုးသတ်ဆေး အသုံးပြုမှု ကန့်သတ်မှု နည်းပါး၍ မြန်မာ့ပဲထွက်ကုန် တင်ပို့မှုသည် အိန္ဒိယ ဈေးကွက်သာ တင်ပို့ရန် သင့်တော်ကြောင်း ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောဆိုသည်။

The Voice

No comments:

Post a Comment