ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်၏ ပတ်စ်ပို့များကို ပြန်လည်ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးပြောဆို
ဘန်ကောက် သြဂုတ် ၂၉
ပေါ့ဆမှုဖြင့် တရားရုံးတင်စစ်ဆေးခံခဲ့ရပြီးနောက် လွန်ခဲ့သော သီတင်းပတ်တွင် တိုင်းပြည်မှ ထွက်ပြေးသွားခဲ့သော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာ၏ ပတ်စ်ပို့များကို ပြန်လည်ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
အသက် ၅ဝ အရွယ် ယင်လပ်သည် ၂၀၁၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ရှင်ရှင်နာဝပ်ထရာ၏ ညီမလည်းဖြစ်သည်။ ထိုင်းတရားရုံးချုပ်ရှေ့တွင် ၄င်းကို ထေက်ခံသူ ထောင်ပေါင်းများစွာက လာရောက်စုဝေးခဲ့ကြသော်လည်း သောကြာနေ့တွင် ပြုလုပ်ခဲ့သည့် ကြားနာမှုသို့ တက်ရောက်ခဲ့ခြင်းမရှိခဲ့ဘဲ ဒူဘိုင်းသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း အကြီးတန်းပါတီအဖွဲ့ဝင်များက ပြောကြားခဲ့ကြသည်။
ယင်လပ်သည် ပုံမှန်နှင့်အခြားသံတမန်ရေးရာ ပတ်စ်ပို့နှစ်ခုကို ကိုင်ဆောင်ထားသူ ဖြစ်ပြီး နိုင်ငံခြားသားအများအတွက် ပတ်စ်ပို့ကိုလည်း ကိုင်ဆောင်ထားသည်ဟုဆိုသည်။ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွင်နိုင်က "ထုတ်ပြန်ချက်က နိုင်ငံခြားရေးဝန်ကြီးဌာနကို အခုထိမရောက်သေးပါဘူး၊ နိုင်ငံခြားရေးဝန်ကြီးက ဒါကိ မကိုင်တွယ်ရေသေးပါဘူး" ဟုပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ယင်လပ်သည် နိုင်ငံခြားသားပတ်စ်ပို့ကို ကိုင်ဆောင်ထားခြင်းရှိ၊မရှိ အတည်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။ ယင်လပ်၏ အစ်ကို ဖြစ်သူ သက်ဆင်မှာလည်း မွန်တီနီဂရိုးပတ်စ်ပို့ပို ကိုင်ဆောင်ထားသူ ဖြစ်သည်။
Ref:Reuters
Democracy today
Monday, August 28, 2017
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်၏ ပတ်စ်ပို့များကို ပြန်လည်ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးပြောဆို
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်၏ ပတ်စ်ပို့များကို ပြန်လည်ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးပြောဆို
Reviewed by Ar Ti
on
11:26 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment