Latest News

Tuesday, August 29, 2017

ယခုတစ်ကြိမ် ဘူးသီးတောင် မောင်တော အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ တိုက်ခိုက်မှုပေါင်း ၆၆ ကြိမ် ရှိခဲ့ပြီ

ယခုတစ်ကြိမ် ဘူးသီးတောင် မောင်တော အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ တိုက်ခိုက်မှုပေါင်း ၆၆ ကြိမ် ရှိခဲ့ပြီ

ရန်ကုန် ၊ သြဂုတ် ၂၉

သြဂုတ်လ ၂၅ ရက်နေ့ ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ယခုတစ်ကြိမ် ဘူးသီးတောင် မောင်တော အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ စုစုပေါင်း  တိုက်ခိုက်မှုပေါင်း ၆၆ ကြိမ် ရှိခဲ့ပြီလို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာပြုလုပ်နေတဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီး ၊ ကာကွယ်ရေးဒုဝန်ကြီး အပါအ၀င် အဖွဲ့ဝင် စုစုပေါင်း ၅ ဦး က သံတမန်တွေကိုတွေ့ဆုံရှင်းလင်းရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှု ၆၆ကြိမ်အပြင်  ဗုံးကွဲမှုတွေ နယ်မြေရှင်းလင်းချိန်တွေမှာ ထိတွေ့မှုတွေ လည်း ရှိခဲ့တယ်လို့  ရဲတပ်ဖွဲ့ကဆိုပါတယ်။

ဒီကနေ့ ရှင်းလင်းပွဲကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှာ ဆက်လက်ပြုလုပ်နေပါတယ်။

PopularNews

No comments:

Post a Comment