Latest News

Friday, August 4, 2017

ကြေးသွန်းဘုရားနားက သပိတ်စခန်းကို ဥပဒေနဲ့အညီ ရှင်းလင်းဖယ်ရှားမယ်

ကြေးသွန်းဘုရားနားက သပိတ်စခန်းကို ဥပဒေနဲ့အညီ ရှင်းလင်းဖယ်ရှားမယ်

ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်နားက ကြေးသွန်းဘုရားမှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းကို နေရာပြောင်းရွှေ့တာတွေ မလုပ်ရင်  ဥပဒေအတိုင်း ရှင်းလင်း ဖယ်ရှားဖို့ စီစဉ်နေတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ်။

ဒီလိုမရှင်းလင်းခင်မှာ သပိတ်စခန်းမှာရှိတဲ့ သံဃာတော်တွေကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဆရာတော်တွေက ဩဝါဒပေး ဆောင်ရွက်သွားမှာဖြစ်ကာ သပိတ်စခန်းမှာပါဝင်တဲ့ လူပုဂ္ဂိုလ်တွေကို တည်ဆဲဥပဒေတွေအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


 “သံဃာတော်တွေကိုတိုင်းမဟန ဆရာတော်ကြီးတွေက ဩဝါဒပေးမယ်။ သံဃာတော်တွေ လိုက်နာခြင်း ရှိ/ မရှိကိစ္စရပ်ကို ဆရာတော်ကြီးတွေက ဆုံးဖြတ်သွားမှာ ဖြစ်တယ်။ လူပုဂ္ဂိုလ်တွေကိုဥပဒေအရ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်သွားမြှာ ဖစ်တယ်”လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဩဂုတ်၂ ရက်နေ့ ညနေ ၃ နာရီလောက်မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူသံဃာနဲ့ လူပုဂ္ဂိုလ်တွေက အစိုးရ နုတ်ထွက်ပေးဖို့ ရန်ကုန်မြို့ ကြေးသွန်းဘုရားကြီးနဲ့ မန္တလေးမြို့ မဟာမုနိဘုရားကြီး အနောက်ဘက်မုခ်နားက သာသနာ ၂၅၀ဝ ဗိမာန်တော်ကြီးမှာ သပိတ်စခန်း ဖွင့်ပြီး တောင်းဆိုနေကြပါတယ်။

Source : The Voice
Photos : News Watch
Duwun

No comments:

Post a Comment