Latest News

Monday, August 28, 2017

မောင်တောရှိကျေးရွာများတွင် ပိတ်မိနေသူများအတွက် စားနပ်ရိက္ခာ စီစဉ်ပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုပြော

မောင်တောရှိကျေးရွာများတွင် ပိတ်မိနေသူများအတွက် စားနပ်ရိက္ခာ စီစဉ်ပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုပြော

မောင်တောမြို့နယ် ကျေးလက်ဒေသများတွင် ပိတ်မိ နေသူများနှင့် ဌာနဆိုင်ရာဝန်ထမ်း များအတွက် လိုအပ်သော စားနပ် ရိက္ခာများကို ရဟတ်ယာဉ်များ ဖြင့် သယ်ယူပို့ဆောင်ပေးနေပြီး စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေ ရေး တာဝန်ရှိသူများက စီစဉ်ပေး မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုကပြောသည်။
အကြမ်းဖက်သမားများ၏ အန္တရာယ်ကို စိုးရိမ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် မောင်တောမြို့ပေါ် ကယ်ဆယ် ရေးစခန်းများရှိ မိသားစုဝင်များ နှင့် သြဂုတ် ၂၈ ရက်ကတွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က အထက် ပါအတိုင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဦးညီပုနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးလည်း အတူ လိုက်ပါလာပြီး မြို့ပေါ်စုရပ် ကယ် ဆယ်ရေးစခန်းများသာမက တောင်ပြိုလက်ဝဲမြို့ရှိ စုရပ်များ သို့လည်း သွားရောက်ခဲ့သည်။

‘‘ပိတ်မိနေတဲ့မိသားစုဝင် တွေကို တဖြည်းဖြည်းထုတ်ယူ သွားမယ်။ စားနပ်ရိက္ခာတွေကို တော့ ပြတ်လပ်မှုမရှိအောင် စီစဉ် ဆောင်ရွက်ပေးနေပါတယ်’’ ဟု ဝန်ကြီးချုပ် ဦးညီပုက ပြောကြား သည်။

သြဂုတ် ၂၄ ရက် ညက စတင်ကာ မောင်တောခရိုင်ရှိ ရဲကင်းနှင့် ရဲစခန်းများကို ဘင်္ဂါလီ အကြမ်းဖက်သမားများက စီးနင်း တိုက်ခိုက်မှုကြောင့် မြို့ပေါ်သာ သနာ့ဗိမာန်တွင် မိသားစုဝင် ၅၀၀ ကျော် အမှတ် (၃) အခြေခံပညာ မူလတန်းလွန် ကျောင်းတွင် ၁,၃၀၀ ကျော်၊အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတွင် ၄၀၀ ခန့်နှင့် လေးမိုင်သစ်တောဘုန်း တော်ကြီးကျောင်းနှင့် အထက် တန်းကျောင်းတွင် ၁,၀၀၀ ခန့် ခိုလှုံ နေသည်။

ထို့အပြင် ကျေးလက်ဒေသ များတွင် ပိတ်မိနေသူများလည်း ရှိကြောင်း ဒေသခံများက ဆို သည်။

7Day News

No comments:

Post a Comment