Latest News

Monday, August 28, 2017

လယ်မြေကို မြို့ပြမြေပြောင်းပြီး မြေကစားမှုများ ခွင့်ပြုမည်မဟုတ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

လယ်မြေကို မြို့ပြမြေပြောင်းပြီး မြေကစားမှုများ ခွင့်ပြုမည်မဟုတ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန်တိုင်းအတွင်းရှိ လယ်မြေကို အခြားနည်းလမ်းအ သုံးပြုရန် လျှောက်ထား၍ မြေက စားမှုများကို တိုင်းဒေသကြီးအစိုး ရက ခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောကြားသည်။

 လယ်မြေများ ဝယ်ယူပြီး လယ်ယာလုပ်ငန်းမလုပ်ကိုင်ဘဲ အခြားနည်းလမ်းဖြင့် အသုံးပြုနိုင် ရန် အစိုးရထံ လျှောက်ထားမှုများ စွာရှိနေကြောင်း ဝန်ကြီးချုပ်က ပြောသည်။

 လယ်မြေကို အခြားနည်း လမ်းအဖြစ် အသုံးပြုခွင့်ရရှိပါက မြေဈေး အဆများစွာမြင့်တက်လာသဖြင့် လုပ်ကွက်တစ်ခုအနေဖြင့်  လုပ်စားနေခြင်းကို  တိုင်းအစိုးရက  ခွင့်ပြုမည်မဟုတ် ကြောင်း  စီးပွားရေးလုပ်ငန်းရှင် များကို ဝန်ကြီးချုပ်က အသိပေး ခြင်းလည်းဖြစ်သည်။

‘‘မြေဈေးဟာ ရင်းနှီးမြှုပ်နှံမှု အတွက် အနှောင့်အယှက်မဖြစ် အောင် တိုင်းဒေသကြီးအစိုးရအ နေဖြင့် ကြိုးပမ်းဆောင်ရွက်သွား မယ်လို့ အသိပေးလိုပါတယ်’’ ဟု သြဂုတ် ၂၈ ရက်က မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်ရုံး တွင် ပြုလုပ်သော ဒုတိယသမ္မတ  ဦးမြင့်ဆွေနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက ပြောကြားသည်။

လယ်မြေတန်ဖိုးသည် မြို့ပြ မြေဈေးနှုန်းများ   ဖြစ်လာခြင်း ကြောင့်  အစိုးရကလမ်းဖောက် ခြင်းကဲ့သို့ စီမံကိန်းများ ဆောင် ရွက်ရာတွင် အခက်အခဲများစွာ ဖြစ်ရကြောင်း ဝန်ကြီးချုပ်က ရှင်း ပြသည်။

လယ်မြေများကို သိမ်းဆည်း ပြီး ပြန်လည်ပေးလျော်ရမည့် အ ခြေအနေတွင် မြေတန်ဖိုးဈေးနှုန်း သည် မူလလယ်ယာမြေ တန်ဖိုး ထက်များနေခြင်းကိုလည်း ရန် ကုန်တိုင်းအစိုးရက  ဂရုစိုက်ကိုင် တွယ်ဆောင်ရွက်ရမည့် ကိစ္စရပ် တစ်ခုဖြစ်နေကြောင်း ထပ်မံပြော ကြားသည်။

‘‘တခြားနည်းလမ်းသုံးခွင့်ရ တာနဲ့ လယ်ဈေးက အဆများစွာ ဈေးတက်သွားတယ်’’ ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

ယခင်အစိုးရလက်ထက်က လယ်မြေကို အခြားနည်းလမ်းအ သုံးပြုရန် လျှောက်ထားမှုများ ကြောင့် ကျပ်ဆယ့်ငါးသိန်းတန် လယ်တစ်ဧကသည် ကျပ်သိန်းတစ်ထောင်မှ ထောင့်ငါးရာအထိမြင့်တက်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

7Day News

No comments:

Post a Comment