Latest News

Thursday, August 31, 2017

ဧရာဝတီတိုင်းကို အကြမ်းဖက်သမားတွေ ဝင်မလာအောင် လုံခြုံရေးကြပ်မတ်

ဧရာဝတီတိုင်းကို အကြမ်းဖက်သမားတွေ ဝင်မလာအောင်
လုံခြုံရေးကြပ်မတ်

ရခိုင်ပြည်နယ်က အကြမ်းဖက်သမားတွေ ဧရာဝတီတိုင်းဘက်ကို ပင်လယ်ပြင်ကနေ ဝင်မလာနိုင်ဖို့အတွက် လုံခြုံရေးကြပ်မတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီကိုယ်တိုင် အရေးပေါ် အစည်းအဝေးခေါ်ယူပြီးနောက်၊ နယ်လုံဝန်ကြီးနဲ့ တိုင်းရဲတပ်ဖွဲ့က လုံခြုံရေးအစီအစဉ်တွေ ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်း လျှပ်စစ်- စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း ဖျာပုံ၊ လပွတ္တာ၊ ငပုတော၊ ငွေဆောင်၊ ချောင်းသာ၊ ငွေသောင်ယံ … စတဲ့ ပင်လယ်နဲ့ထိစပ်နေတဲ့ မိုင် ၃ ရာကျော်မှာ လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

လတ်တလောမှာ ပင်လယ်ကနေ တရားမဝင် ခိုးဝင်လာသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်၊ အစိုးရအဖွဲ့ က ဖမ်းဆီးရမိထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ရခိုင်လူမျိုးတွေလည်း အများအပြား နေထိုင်ကြပြီး တိုင်းအစိုးရအဖွဲ့မှာ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးလည်း ခန့်အပ်ထားပါတယ်။

RFA

No comments:

Post a Comment