Latest News

Sunday, August 6, 2017

ယခုနှစ် ပထမခြောက်လပတ်အတွင်း ဧရာဝတီတိုင်း ဒေသကြီး၌ တောဆင်ရိုင်းများသတ်ဖြတ်ခံရမှု ၈ မှု ဖြစ်ပွားခဲ့ပြီး တရားခံ ၅ ဦး ဖမ်းဆီးရမိထားကာ ၆ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထား

ယခုနှစ် ပထမခြောက်လပတ်အတွင်း ဧရာဝတီတိုင်း ဒေသကြီး၌ တောဆင်ရိုင်းများသတ်ဖြတ်ခံရမှု ၈ မှု ဖြစ်ပွားခဲ့ပြီး တရားခံ ၅ ဦး ဖမ်းဆီးရမိထားကာ ၆ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထား

ယခုနှစ် ပထမခြောက်လပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၌ တောဆင်ရိုင်းများ သတ်ဖြတ် ခံရမှု ၈ မှုဖြစ်ပွားခဲ့ပြီး တရားခံ ၅ ဦး ဖမ်းဆီးရမိထားကာ ၆ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထား ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုမှာ ဧရာဝတီတိုင်းဒေသကြီး၌ ပုသိမ်မြို့နယ်၊ ငပုတောမြို့ နယ်နှင့် သာပေါင်းမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“၂၀၁၇ ခုနှစ် ပထမခြောက်လပတ်မှာ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရတာ ၈ မှုရှိပါတယ်။ ၄ မှုကို တရားစွဲတင်ထားပြီး တစ်မှုကတော့ ပိတ်သိမ်းထားပါတယ်။ ၃ မှုကိုတော့ စစ်ဆေးဆဲပဲ ရှိပါသေး တယ်။ တောဆင်ရိုင်းတွေ သတ်ဖြတ်မှုအဓိကဖြစ်တာ ပုသိမ်ခရိုင်ပါ။ ပုသိမ်မြို့နယ်မှာ လေးမှု၊ ငပုတောမြို့နယ်မှာ နှစ်မှုနဲ့ သာပေါင်းမြို့နယ်မှာ နှစ်မှုဖြစ်ခဲ့ပါတယ်။ တရားခံ ၅ ဦးကို တရားစွဲတင်ထားပြီး တရားခံပြေးက ၆ ဦးရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောကြားသည်။

တောဆင်ရိုင်းများသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိထားသူများအား အရေးယူနိုင်ရန် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ ၃၇(က)ဖြင့် တရားစွဲတင်ထားကြောင်း သိရသည်။

“တရားခံကို စုံစမ်းလို့မရနိုင်တဲ့အနေအထားမျိုးရှိတဲ့အခါမှာ အမှုနဲ့ပတ်သက်ပြီး စုံစမ်းတဲ့အခါ ပစ္စည်းသက်သေခံအထောက်အထား၊ လူသက်သေခံအထောက်အထားတွေ သိပ်အားနည်းပြီး အမှု မပေါ်နိုင်စရာအကြောင်းရှိတဲ့အခြေအနေမျိုးမှာတော့ အမှုကို ပိတ်ပါတယ်။ ဒါပေမယ့် အထောက် အထားတစ်ခုခုရရင် ဒါကို ပြန်ပြီး စစ်ဆေးလို့ရပါတယ်။ စုံစမ်းစစ်ဆေးဆဲကတော့ အမှုနဲ့ပတ်သက်လို့ သတင်းအထောက်အထားကွင်းဆက်ရနိုင်တယ်။ ဆက်စပ်တဲ့သက်သေရနိုင်တဲ့ဟာမျိုးဆိုရင်တော့ ဆက်လက်ပြီး စုံစမ်းနေတာပေါ့။ လူသက်သေခံအထောက်အထား၊ ပစ္စည်းသက်သေခံ အထောက် အထားတွေပြည့်စုံတဲ့အခါ ဥပဒေအကြံပေးချက်ရရှိရင် တရားစွဲတင်လို့ရနိုင်တဲ့ အနေအထားမျိုးရှိတဲ့ အခါမှာတော့ တရားစွဲ တင်ပါတယ်”ဟု  ဒုတိယရဲမှူးကြီးခင်မောင်လတ်က ဆက်လက်ပြောကြားသည်။

တောဆင်ရိုင်း သတ်ဖြတ်မှုများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စီမံချက်ချမှတ်ပြီး သစ်တောရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ အကူအညီကိုရယူကာ ပူးပေါင်းစုံစမ်းလျှက်ရှိ ကြောင်း သိရသည်။

“ဆင်တစ်ကောင်သေပြီဆိုတာနဲ့ ကျွန်တော်တို့ သစ်လုပ်ငန်းကရော၊ သစ်တောရော၊ သစ်တောရဲရော၊ နယ်မြေခံရဲရော ပူးပေါင်းပြီး စစ်ဆေးတယ်။ သေဆုံးတဲ့လက္ခဏာကို ဘာ့ကြောင့် သေတယ်ဆိုတာ စစ်ဆေးတိုင်း အဆိပ်မြားနဲ့ပစ်သတ်ခံတာတွေ့ရတယ်။ သူတို့က အဓိကက အရည်ခွံ၊ ဆင်တစ်ကောင် လဲပြီဆိုရင် တကယ့်ကျွမ်းကျင်တဲ့ကောင်တွေကို ဆင်တစ်ကောင် အရည်ခွံခွာတာ နာရီပိုင်းလောက်ပဲ ကြာတယ် ပြောတယ်။ အရည်ခွံက ဈေးကောင်းရတယ်ဆိုပဲ။ များသောအားဖြင့် ပုသိမ်ဘက်မှာဆိုရင် စွယ်စုံအစွယ်ပါတဲ့ ဆင်မျိုးက မရှိသလောက် ရှားရှားပါးပါး ဖြစ်နေပါပြီ။ ဒီအစွယ်တစ်ခုကြောင့် မဟုတ်ဘူး။ အဓိက အရည်ခွံယူတယ်။ နှာမောင်းကို ယူတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း EERU အဖွဲ့၌ တာဝန်ထမ်းဆောင်ခဲ့သည့် လက်ထောက်မန်နေဂျာ ဦးမျိုးအောင် ကပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ တစ်နှစ်လုံး၌ ဧရာဝတီတိုင်းဒေသကြီးတွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု ၁၃ မှုအထိဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment