Latest News

Sunday, August 6, 2017

ဒေါက်တာညိုညိုသင်း ဥပဒေ၊ ဂျန်ဒါနှင့် နိုင်ငံရေးဘာသာရပ်များ အခမဲ့သင်ကြားပေးမည်

ဒေါက်တာညိုညိုသင်း ဥပဒေ၊ ဂျန်ဒါနှင့် နိုင်ငံရေးဘာသာရပ်များ အခမဲ့သင်ကြားပေးမည်

ဥပဒေပညာရပ်၊ ဂျန်ဒါ နှင့် နိုင်ငံရေးဘာသာရပ်များ အခ မဲ့သင်ကြားမည့် ကျောင်းတည် ထောင်မည်ဟု လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဒေါက်တာညို ညိုသင်းက သြဂုတ် ၆ ရက်တွင် ရန်ကုန်မြို့၌    ပြုလုပ်သော ကျောင်းအကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

School of Law, Gender and Politics (SLGP) ဟူသော ကျောင်းကို ဒေါ်ညိုညိုသင်းက ဦးစီးတည်ထောင်မည်ဖြစ်ပြီး အ သက်အရွယ်၊ ပညာအရည်အ ချင်း ကန့်သတ်ချက် မရှိသလို မည်သည့် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်မဆို တက်ရောက်နိုင်ကြောင်း ကျောင်း တည်ထောင်မည့် ဒေါ်ညိုညိုသင်း ကပြောသည်။

‘‘သူတို့ကျွန်မတို့ကို ပေးရမှာ အချိန်တွေပါပဲ’’ ဟု၎င်းကအခမဲ့ သင်ကြားပေးခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

နာရီ ၆၀၊ ၉၀ နှင့် ၁၂၀ ကြာ မြင့်မည့် အတန်းများသို့ အဆင့်  ဆင့် တက်ရောက်ခွင့်ရရန် ဝင်ခွင့် စာမေးပွဲဖြင့်သော်လည်းကောင်း၊ ကိုယ်တိုင်ပြုလုပ်ထားသော စာ တမ်းငယ်များဖြင့်သော်လည်း ကောင်း စစ်ဆေးရွေးချယ်၍ သက်ဆိုင်ရာ စိတ်ဝင်စားသည့်ဘာသာ ရပ်အလိုက် အဆိုင်းမန့်နှင့် အိမ် စာများကို သတ်မှတ်မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

‘‘တကယ်ကို ကိုယ်ကျင့်တ ရားနဲ့ ပြည့်စုံပြီးတော့ တကယ့်နိုင်ငံရေး စိတ်ရှိတဲ့ ပြည်သူလူထုကို သစ္စာစောင့်သိတဲ့ ဒီမိုကရေစီကို သစ္စာစောင့်သိတဲ့ နိုင်ငံရေး သမား တွေပဲ လိုချင်ပါတယ်။ အဲဒီလိုလူ တွေကိုပဲ ကျွန်မတို့ကျောင်းက မွေးသွားမှာဖြစ်ပါတယ်’’ ဟု ဒေါ် ညိုညိုသင်းက  ပြောသည်။

စက်တင်ဘာနှင့် နိုဝင်ဘာ တို့တွင် ဝင်ခွင့်လျှောက်လွှာများ ကို ကျောင်းနာမည်ဖြင့်  ဖေ့စ် ဘွတ်ခ်စာမျက်နှာ၌ ရယူနိုင်ပြီး slgpinformation@gmail.com သို့ ပေးပို့လျှောက်ထားနိုင်သည်။

အဆိုပါသတင်းစာရှင်းလင်း ပွဲတွင် နိုင်ငံရေးလေ့လာသုံးသပ် သူ ဒေါက်တာရန်မျိုးသိမ်းက စစ် အာဏာသိမ်းပြီးချိန်ကစ၍ ဖျက် ဆီးခံရသော နိုင်ငံရေးသမားများ၊  နိုင်ငံရေးပါတီများကို အချိန်တိုအ တွင်း ပြန်၍တည်ဆောက်ရန်လို အပ်ကြောင်း ပြောကြားသည်။

ထို့ကြောင့် ဒေါ်ညိုညိုသင်း တည်ထောင်မည့် ကျောင်းသည် နိုင်ငံရေးသမားကောင်းများ မွေး ထုတ်ပေးမည့် ကျောင်းဖြစ်လာ မည်ဟု မျှော်လင့်ပါကြောင်း ၎င်း ကဆက်လက်ပြောကြားသည်။

ဒေါ်ညိုညိုသင်းသည် ပထမ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၏ ဗဟန်းအမတ်ဖြစ် ပြီး ပြည်ခိုင်ဖြိုးအစိုးရကို ထောက် ပြဝေဖန်နိုင်ခဲ့သူဖြစ်သည်။ သို့ သော် ၂၀၁၅ ရွေးကောက်ပွဲတွင် ဗဟန်းမဲဆန္ဒနယ်  ပြည်သူ့လွှတ် တော်  ကိုယ်စားလှယ်နေရာကို တစ်သီးပုဂ္ဂလအဖြစ်    ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်းဒီချုပ်ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည်။

7Day News

No comments:

Post a Comment