Latest News

Sunday, August 27, 2017

မောင်တောဒေသ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

မောင်တောဒေသ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

မောင်တောဒေသအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး လက်ရှိအနေအထားတွင် လုံခြုံရေးနှင့် ပတ်သက်ပြီး မနေ့ကထက် လုံခြုံရေးအင်အား တိုးထားကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စစ်တွေမြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“လုံခြုံရေးနဲ့ ပတ်သက်ပြီး ပြောရရင် မနေ့ကထက် ဒီနေ့လုံခြုံရေးအင်အား တိုးထားတယ်။ ပိုမိုလုံခြုံအောင် လုပ်ထားပါတယ်။ ကျောင်းဆရာ/မတွေကို လုံခြုံတဲ့နေရာ ပို့ထားတယ်။ အဲဒီမှာ ဆက်နေလို့ရတယ်။ ပြန်ချင်တယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ဆောင်ရွက်ပေးဖို့ ရှိပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ မီဒီယာတွေကလည်း အမှန်တရားကို ဖော်ထုတ်ပြီးတော့ အမှန်အတိုင်း ဖော်ပြဖို့လိုတယ်။ အမှန်တိုင်း ဖော်ပြတယ်ဆိုရင် ကျွန်တော်တို့က ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး” ဟု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက လုံခြုံရေးကို ထိန်းထားနိုင်ပြီဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် မောင်တောမြို့ကို ပတ်ပြီးသွားခဲ့ကြောင်း၊ ဒေသခံများအနေဖြင့် အေးဆေးဖြစ်လျှင် ပြန်လိုသည်ဟု ပြောဆိုကြောင်း၊ တည်ငြိမ်အောင် ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း၊ အတတ်နိုင်ဆုံး ကြိုးစားနေကြောင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် အကြမ်းဖက်မှုတွင် ပူးပေါင်းပါဝင်သည် ဆိုသည်ကို အတိကျ မသိရသေးကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးများ အဖွဲ့သည် မောင်တောနှင့် ဘူးသီးတောင်သို့ သွားရောက်ကာ ထွက်ပြေးတိမ်းရှောင် လာကြသော ဒေသခံ တိုင်းရင်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ကူညီရေးပစ္စည်းများလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment