Latest News

Sunday, August 27, 2017

ယခင်က ရန်ကုန်မြို့ပတ်ရထားလုပ်ငန်းမှ အကျိုးအမြတ် တစ်ရက်လျှင် ကျပ်နှစ် သန်းအထိ ရရှိခဲ့သော်လည်း လက်ရှိတွင်နှစ်သိန်းကျော်ခန့်သာ အမြတ်အစွန်း ရရှိဟုဆို

ယခင်က ရန်ကုန်မြို့ပတ်ရထားလုပ်ငန်းမှ အကျိုးအမြတ် တစ်ရက်လျှင် ကျပ်နှစ် သန်းအထိ ရရှိခဲ့သော်လည်း လက်ရှိတွင်နှစ်သိန်းကျော်ခန့်သာ အမြတ်အစွန်း ရရှိဟုဆို

ယခင်က ရန်ကုန်မြို့ပတ်ရထား လုပ်ငန်းမှ အကျိုးအမြတ် တစ်ရက်လျှင် နှစ်သန်းအထိ ရရှိခဲ့သော်လည်း ယခုတွင် နှစ်သိန်းကျော်ခန့်သာ အမြတ်အစွန်းရရှိဟု  သြဂုတ် ၂၅ ရက်က မြန်မာ့မီးရထား၊ အောက်မြန်မာပြည် အုပ်ချုပ်ရေးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးဆောင်ရွက်မည့် အခြေအနေများ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“မြို့ပတ်ကို အကျိုးအမြတ် တွက်တဲ့အခါမှာ တကယ်တမ်းကျတော့ ခရီးသည်တွေ များများစီးနိုင်ပြီးတော့ ချောင်ချောင်ချိချိ သက်သက်သာသာ သွားနိုင်ဖို့ပဲရည်ရွယ်ပါတယ်။ အကျိုးအမြတ်တွက်တဲ့အခါမှာ ဆီဖိုးနဲ့ပဲ တွက်တာများပါတယ်။ တကယ်တမ်း တွက်မယ်ဆိုရင် လမ်းပြင်ဆင်စရိတ်တွေ ၀န်ထမ်းစရိတ်တွေ ထည့်တွက်မယ်ဆိုရင် ထည့်သွင်းရတဲ့ စရိတ်တွေများပါတယ်။ကျွန်တော်တို့ကတော့ ကားထောင်တဲ့ လုပ်ငန်းလို ဆီဖိုးနဲ့ ကာဗာဖြစ်လား ဆိုတာနဲ့ တွက်ပါတယ်။ ဒီ၂၀၁၆-၂၀၁၇ မှာဆိုရင် ဆီဖိုးက အစိုးရကနေ သတ်မှတ်တဲ့ဆီဖိုးအတိုင်း တွက်ရပါတယ်။၂၀၁၆-၂၀၁၇ မှာ ဆီဖိုးက ၂၂၅၀ ကနေ တဖြည်းဖြည်း တက်လာလိုက်တာ ၂၀၁၇ မတ်လမှာ ၃၁၀၀ အထိ MPPE က သတ်မှတ်တဲ့နှုန်းထားပေါ့။ အဲဒီလို တွက်တဲ့အခါမှာ ဆီဖိုး ၂၂၅၀ တုန်းက တစ်ရက်ကို ၂သန်းလောက်မြတ်ပါတယ်။ နောက်ပိုင်းကျတော့ ၂၀၁၇ မတ်လမှာ ဆီဖိုး ၃၁၀၀ လောက်မှာ မြတ်တာက နှစ်သိန်းကျော်လောက်ပဲ မြတ်တဲ့ အနေအထားရှိတယ်။ ချုံပြောရရင် ဆီဖိုးပေါ်မူတည်ပြီးတော့ ခရီးသွား ၀င်ငွေနဲ့ တွက်လို့ရှိရင် မရှုံးမမြတ် အနေအထားမှာ ရှိပါတယ်” မြန်မာ့မီးရထားမှ အထွေထွေ မန်နေဂျာ(စီးပွားရေး) ဦးအောင်မြင့်နိုင်က ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားနှင့် ဆင်ခြေဖုံး ရထား စီးနင်းသူပြည်တွင်း ခရီးသည့် ကိုးသောင်းကျော်ခန့် စီးနင်းကြကြောင်း သိရသည်။

“ဟိုတုန်းကတော့ ရထားခတွေက အ မျိုးမျိုးရှိတယ်။ ကျပ် ၁၀၀ တန်ဆိုတာ ရှိတယ်။ ကျပ်၂၀၀ တန် အထူးတွဲဆိုတာရှိတယ်။ ကျပ် ၃၀၀ တန် အဲယားကွန်းဆိုတာ သတ်မှတ်ခဲ့တာပေါ့။ လက်မှတ်ခတွေ အမျိုး မျိုးဖြစ်တယ်။ ခရီးသည်တွေက ရထားတစ်စီးလာရင်၊ သွားမယ့်ခရီး လက်မှတ်ဝယ်ထားရင် ၁၀၀ တန်၊ ၂၀၀ တန်၊ ၃၀၀ တန်ရထားလား သူတို့က ရထားတက်ရောက် စီးနင်းတဲ့အခါမှာ အခက်အခဲ ဖြစ်ပါတယ်။ ဒါကို ပြည်ထောင်စုဝန်ကြီး ရောက်ရှိလာပြီး နောက်ပိုင်းမှာ ဟိုအရင်တုန်းကလိုပဲ သုညမိုင်ကနေ ၁၅ မိုင်အထိကို ကျပ် ၁၀၀၊ ၁၅ မိုင်အထက်ကို ကျပ် ၂၀၀ ဆို ပြီး သတ်မှတ်လိုက်တဲ့အခါမှာ ခရီးသွားလုပ်သား ပြည်သူတွေအားလုံးသည် တပြေးညီတည်း ရထားအားလုံးကို စီးနိုင်တဲ့ အနေအထားရောက်သွားပြီး လာတဲ့ရထားကို တက်ရောက်စီးနိုင်တဲ့ အခွင့်အရေး ရသွားတယ်။ ၀င်ငွေက လက်ရှိဆီဖိုးနဲ့ တွက်ရင်တော့ ဆီဖိုးထက် ကျော်လွန်တဲ့ ၀င်ငွေ ရရှိနေပါတယ်” မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (စီး ပွားရေး) ဦးအောင်မြင့်နိုင်က ပြောကြားသည်။

မြို့ပတ်ရထားနဲ့ ဆင်ခြေဖုံးရထား ရထားတွဲဆိုင်းကြီး ၁၃ ဆိုင်းရှိပြီး တွဲအရေအတွက် ၆၅ တွဲ၊ RBE တွဲဆိုင်း ၁၂ ဆိုင်း၊ တွဲအရေအတွက်က တွဲ ၅၀ ရှိကာ စုစုပေါင်း ရထားအဆိုင်း ၂၅ ဆိုင်းနှင့် တွဲ အရေအတွက် ၁၁၅ တွဲရှိကြောင်း သိရသည်။ ရန်ကုန်မြို့ ပတ်ရထားနှင့် ဆင်ခြေဖုန်း ရထားအနေ နှင့် နေ့စဉ်အခေါက်ရေ ၂၂၀ ပြေးဆွဲပေးနေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment