Latest News

Thursday, July 13, 2017

YBS ယာဉ်သစ် ၅၀၀ ယခုလကုန် ထပ်တိုးပြေးဆွဲမည်

YBS ယာဉ်သစ် ၅၀၀ ယခုလကုန် ထပ်တိုးပြေးဆွဲမည်

ရန်ကုန်၊ ဇူလိုင် ၁၂

ရန်ကုန်တိုင်း အစိုးရအဖွဲ့က တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ယာဉ်စီးရေ ၁၀၀၀ အနက် အစီး ၅၀၀ ကို ဇူလိုင်လကုန်တွင် ထည့်သွင်းပြေးဆွဲမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီထံမှ သိရသည်။

“အခု YBS စတစ်ကာတွေ တပ်နေတယ်။ ကားတွေကို အလုံးစုံ အာမခံထားဖို့ ဆောင်ရွက်နေတယ်။ ဒီလကုန်တော့ ပြေးဆွဲဖို့ အဆင်သင့် ဖြစ်တယ်” ဟု YUPT ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ဆိုသည်။

YUPT ကုမ္ပဏီလက်အောက်တွင် ယာဉ်လိုင်း ၂၀ ကျော် ပြေးဆွဲပြီး ၁၉၉၅ ခုနှစ်အောက် မော်ဒယ်လ်ယာဉ် ၅၀၀ ကျော် အပ်နှံခဲ့ပြီး ယင်းနေရာတွင် ယာဉ်သစ်ဖြင့် ထည့်သွင်းပြေးဆွဲခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တိုင်းအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သည့် YUPT ကုမ္ပဏီလက်အောက်ရှိ YBS ၃၊ ၄၊ ၇၊ ၃၆၊ ၅၈၊ ၆၅၊ ၂၄၊ ၂၈ ယာဉ်လိုင်းတို့တွင် ရရှိထားသည့် ယာဉ် ၅၀၀ စီးကို ထည့်သွင်းမည် ဖြစ်သည်။

YBS တံဆိပ်တပ် ယာဉ်လိုင်းများတွင် ထည့်သွင်းပြေးဆွဲရန် YRTA အဖွဲ့ အနေနှင့် တရုတ်ယာဉ်အသစ် ၁၀၀၀ စီးကို တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅၆၀၀၀ ဖြင့် ဝယ်ယူပြီး YUPT ကုမ္ပဏီနှင့်  YBPC ကုမ္ပဏီတို့က ခွဲဝေရရှိခြင်း ဖြစ်သည်။
The Voice

No comments:

Post a Comment