Latest News

Thursday, July 13, 2017

ရန်ကုန်မျက်မမြင်ကျောင်း (ခ၀ဲခြံ) မှာ ကျောင်းသား ၁၅၁ ဦး ပညာသင်ယူနေ

ရန်ကုန်မျက်မမြင်ကျောင်း (ခ၀ဲခြံ) မှာ ကျောင်းသား ၁၅၁ ဦး ပညာသင်ယူနေ

စာအုပ်စာတမ်းကြေးနဲ့ အထွေထွေကုန်ကျစရိတ်တွေ ပေးဖို့ မလိုအပ်ဘူး။

ရန်ကုန်မျက်မမြင်ကျောင်း (ခ၀ဲခြံ) မှာ  မူကြိုအဆင့်မှ တက္ကသိုလ်အထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၅၁ ဦး တက်ရောက်ပညာသင်ယူနေတယ်လို့ သိရပါတယ်။

၂၀၁၇-၁၈ ပညာသင်နှစ် ကျောင်းဖွင့်လှစ် အသိပေးပွဲကို ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီမှာ ရန်ကုန်မျက်မမြင်ကျောင်းခန်းမဆောင်မှာ ကျင်းပခဲ့ပြီး ယခုနှစ်မှာ ကျောင်းသား၊ ကျောင်းသူသစ် ၁၅ ဦးရှိကြောင်း အဆိုပါကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဒေါ်မြသီတာလွင်က ပြောကြားထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

‘‘ဆရာမက မျက်မမြင်ကျောင်းမှာ စာသင်နေတဲ့ ဆရာမဆိုပေမယ့် နိုင်ငံတော်တိုးတက်ဖို့ အတွက် တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်နေတဲ့ သူလို့ပဲခံယူထားတယ်။ ကျွန်မတို့ရပ်တည်ပေးရင် မိသားစုတွေထဲမှာ ငါသေသွားလို့ရှိရင် ငါ့အိမ်က မသန်စွမ်းသူအတွက် ဘယ်လိုလုပ်မလဲ။ မသန်စွမ်းတစ်ယောက် မိသားစုထဲမှာရှိလာရင် ဘယ်လိုရပ်တည်မလဲဆိုတဲ့ အဲဒီမိသားစုတွေရဲ့ စိတ်ဖိစီးမှုတွေလျော့ကျသွားမယ်’’ လို့ ဒေါ်မြသီတာလွင်က ပြောကြားထားတာ ဖြစ်ပါတယ်။

ရန်ကုန်မျက်မမြင်ကျောင်း (ခ၀ဲခြံ) မှာ ပညာသင်ကြားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းသားမိဘက တစ်နှစ်စာ စားစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်လေးသောင်းနှစ်ထောင်ကျပ်သာပေးသွင်းရပြီး စာအုပ်စာတမ်းကြေးနဲ့ အထွေထွေကုန်ကျစရိတ်တွေ ပေးဖို့ မလိုအပ်ကြောင်း ဒေါ်မြသီတာလွင်က ပြောကြားထားပါတယ်။
Photos & Source:7Day Daily:Duwun

No comments:

Post a Comment