Latest News

Thursday, July 13, 2017

ကျိုက်ထီးရိုးရင်ပြင်ရှိ ကြွေပြားများကို ကျပ်သိန်း ၃,၀၀၀ ကျော် အကုန်ကျခံ၍ အသစ်ပြန်ခင်းမည်

ကျိုက်ထီးရိုးရင်ပြင်ရှိ ကြွေပြားများကို ကျပ်သိန်း ၃,၀၀၀ ကျော် အကုန်ကျခံ၍ အသစ်ပြန်ခင်းမည်

ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးဘုရား ရင်ပြင်ပေါ်ရှိ ကြွေပြားများကို ကျပ်သိန်း ၃,၀၀၀ ကျော် အကုန်ကျခံကာ အသစ်ပြန်ခင်းမည်ဟု ကျိုက်ထီးရိုးဂေါပက အဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။

နွေရာသီ ကာလအတွင်း ဘုရားရင်ပြင်ပေါ်၌ ခင်းထားသည့် ကြွေပြားများသည် ပူပြင်းသဖြင့် ဘုရားဖူးများဣနြေ္ဒပျက်စွာ ပြေးလွှားသွားလာနေသဖြင့် ဂေါပကအဖွဲ့က အသစ်ပြန်လည် ခင်းကျင်းသွားရန် ပြည်နယ်အစိုးရထံ ခွင့်ပြုချက်တောင်းခံခဲ့ပြီး ဘုရားအလှူခံငွေများမှ ရရှိထားသည့် ငွေများဖြင့် အကုန်ကျခံ ခင်းကျင်းမည်ဖြစ်သည်။

‘‘ဇူလိုင်အတွင်းမှာ လုပ်ငန်း စတင်  အကောင်အထည်ဖော် မယ်။ ကြွေပြားတွေကို မန္တလေးမြို့မှာ မှာယူနေတုန်းပဲဆိုတော့။ ဘုရားရင်ပြင် တစ်ခုလုံး အသစ် ပြန်လဲမယ်။ နွေရာသီအချိန်ဆိုရင် ဘုရားဖူးတွေက ကြွေပြားပူတော့ ဣနြေ္ဒပျက်သွားလာနေတော့ ဂေါ ပကအဖွဲ့တွေတိုင်ပင်ပြီး ဒီလိုအ သစ်ပြန်ခင်းဖို့ လုပ်လိုက်တာပါ’’ ဟုဦးအေးမြင့်သိန်းက ပြောသည်။

ကျိုက်ထီးရိုးဘုရား ရင်ပြင် သည် ပေ ၉,၀၀၀ အကျယ်ရှိပြီး စကျင်ကျောက်ကြွေပြားများကို အသစ်ခင်းကျင်းမည်ဖြစ်ကာ ယခု ပြုပြင်မှုသည် ဂေါပကအသစ် လက်ထက်တွင် ပထမဆုံးအကြိမ် ပြုပြင်မှုဖြစ်ကြောင်း ၎င်းက ဆို သည်။ ကျိုက်ထီးရိုးဘုရားဂေါပက အသစ်ဖွဲ့စည်းခဲ့သည့် ၂၀၁၆ အောက်တိုဘာမှ ၂၀၁၇ ဇွန်လအ ထိ ဆယ်လတာကာလအတွင်း ဘုရားဂေါပကရန်ပုံငွေကျပ်သိန်း ငါးသောင်းကျော် ရရှိကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

ကျိုက်ထီးရိုးဘုရား ဂေါပက အသစ်ဖွဲ့စည်းပြီးနောက် ဘုရား ရင်ပြင်ပေါ်ရှိ ဈေးဆိုင်ခန်းများကို စည်းကမ်းချက်များသတ်မှတ်ပြီး ယခု လူဟောင်းများကိုသာ လေ လံပေးခြင်း၊ ဘုရားအလှူခံကန် ထရိုက်စနစ်များ ဖျက်သိမ်းလိုက် ခြင်း၊ တောင်တက်ကားခ ဈေး နှုန်း လျှော့ချခြင်းများ ပြုလုပ်ခဲ့ သည်။

ကျိုက်ထီးရိုး  တောင်ခြေ ကင်မွန်းချောင်းကားဝင်းလုပ်ငန်း၊ ဘုရားပေါ်ရှိ ဘက်စုံအလှူခံဌာန၊ ရွှေဆိုင်းအရောင်းဌာန၊ ခေါင်း လောင်းအရောင်းဌာနနှင့် ဘုရား ရင်ပြင်ပေါ်ရှိ အလှူခံပုံး ၃၁ ပုံးကို ဂေါပကအဖွဲ့က တာဝန်ယူထား  သည်။ ကျိုက်ထီးရိုးဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ် လပြည့်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကဆုန်လပြည့်နေ့တွင် ပိတ်ပွဲပြုလုပ်လေ့ရှိသည်။
7Day News

No comments:

Post a Comment