Latest News

Wednesday, July 12, 2017

ဆက်သွယ်ရေးအော်ပရေတာများ ရှုပ်ထွေးသည့် Plan များ ကမ်းလှမ်းခြင်းမပြုရန် ညွှန်ကြား

ဆက်သွယ်ရေးအော်ပရေတာများ ရှုပ်ထွေးသည့် Plan များ ကမ်းလှမ်းခြင်းမပြုရန် ညွှန်ကြား

ဆက်သွယ်ရေး အော်ပရေတာများ ၏ ဈေးကွက်ဖော်ဆောင်မှု Pack-ages များသည် ပြည်သူလူထုနား မလည်နိုင်သည့် အခြေအနေများ ကို တွေ့ကြုံနေရကြောင်း၊ အော် ပရေတာများအနေဖြင့် ရှင်းလင်း သည့် ကမ်းလှမ်းမှုများကိုသာ ဖော်ဆောင်ရန် ညွှန်ကြားထားပြီးဖြစ် ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦး မျိုးဆွေက ပြောသည်။

၂၀၁၄ ကစတင်၍ ဆက် သွယ်ရေး အော်ပရေတာသုံးခု သည် ဈေးကွက်ပြိုင်ဆိုင်မှုအနေ ဖြင့် Packages မျိုးစုံကို ပြည်သူလူ ထုအတွက် မိတ်ဆက်ခဲ့ရာ အချို့သော Packages များမှာ အသုံးပြုသူများအတွက် မျက်စိလည်စရာ များဖြစ်နေခဲ့သည်ဟု မိုဘိုင်းဖုန်း အသုံးပြုသူများက ပြောသည်။

‘‘ပြည်သူလူထု နားမလည် တာတွေရှိနေတယ်။ တစ်ဖက်မှာ လျှော့ပေမယ့် တစ်ဖက်မှာ တင် ထားပြန်တယ်။ Data ဘက်မှာ လျှော့ပြီး အသံခေါ်ဆိုမှုဘက်မှာ တိုးချင်တိုးမယ်။ ဒါတွေကို ရှင်း လင်းတဲ့ပုံစံနဲ့လုပ်ဖို့ သူတို့ (အော် ပရေတာ)ကို ပြောထားတယ်။ သူ တို့က ဝက်ဘ်ဆိုက်လိုမျိုးနေရာ တွေမှာ ရှင်းပြထားတယ်လို့ ပြော ပေမယ့်လည်း ဘယ်သူကမှ ဒီထဲ ဝင်ကြည့်မနေဘူးလေ’’ဟု ဦးမျိုး ဆွေက ပြောသည်။

အော်ပရေတာများ၏ အစီ အစဉ်အသစ်များ ရှုပ်ထွေးရခြင်း သည် ဈေးကွက်သဘာဝအရ လုပ် ဆောင်နေရခြင်းကြောင့်သာဖြစ် ပြီး အရှင်းလင်းဆုံး အသုံးပြုလိုပါ က Data Packages များကိုသာ ဝယ်ယူ အသုံးပြုသင့်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ် ဦးက ပြောသည်။

ဆက်သွယ်ရေးအော်ပရေ တာများသည် ဖေ့စ်ဘွတ်ခ်အခမဲ့ အသုံးပြုနိုင်သည့် ပရိုမိုးရှင်းများ၊ Easy Top Up အနေဖြင့် ငွေဖြည့် သွင်းပါက အပိုလက်ဆောင်ပေး သည့် အစီအစဉ်များ၊ တစ်ပတ် တစ်ရက် ငွေဖြည့်သွင်းပါက အပို လက်ဆောင်များ၊ Data ကို ပေါင်း ကူးအနေဖြင့် အသုံးပြုနိုင်သည့် အစီအစဉ်များ၊ ကွန်ရက်တူဖုန်း လိုင်းအချင်းချင်း အခမဲ့ခေါ်ဆိုခွင့် များ၊ အွန်လိုင်းဂိမ်းကစားသူများ အတွက် ဈေးနှုန်းလျှော့ပေးခြင်း များ၊ နေ့စဉ်သုံး၊ လစဉ်သုံး အစီအ စဉ်များ အစရှိသည်ဖြင့် ပရိုမိုးရှင်း Plan မျိုးစုံကို အသုံးပြုသူများအ တွက် ပုံမှန် မိတ်ဆက်ပေးနေ သည်။

‘‘ပြည်သူတွေကို နားလှည့် ပါးရိုက်လုပ်နေသလိုပဲ။ တစ်ခုနဲ့ တစ်ခု အပြိုင်အဆိုင်လုပ်နေကြတဲ့ နေရာမှာ တချို့အရာတွေကတော့ အဆင်ပြေစေတယ်။ တချို့အရာ တွေကလည်း အဆင်မပြေပြန် ဘူး။ ဆယ်ဆရမယ်ပြောတဲ့ Data တွေကလည်း ဆယ်ပုံတစ်ပုံပဲရ တာတွေလည်း ရှိသေးတယ်’’ဟု မိုဘိုင်းဖုန်းသုံးစွဲသူ ကိုနိုင်လင်းဦး က ပြောသည်။

ဆက်သွယ်ရေး အော်ပရေ တာသည် SMS ဖြင့် အစီအစဉ်အ သစ်များကို ပုံမှန်ကမ်းလှမ်းလေ့ရှိ သော်လည်း လွန်စွာရှုပ်ထွေး၍ ဝယ်ယူအသုံးပြုခြင်းမရှိကြောင်း ဆင်းမ်ကတ်နှစ်ကတ်အသုံးပြုသူ ကိုဝေလင်းက ပြောသည်။ အော် ပရေတာများသည် ပုံမှန်အသံခေါ် ဆိုခနှင့် ပုံမှန်အင်တာနက်အသုံး ပြုခကို လျှော့ချပြိုင်ဆိုင်ခြင်း မ ဟုတ်ဘဲ (အူရီးဒူးက တစ်မိနစ် ၂၅ကျပ်မှ တစ်မိနစ် ၁၅ ကျပ်သို့ လျှော့ချ) ရှုပ်ထွေးသည့် အစီအစဉ် သစ်များ တိုးချဲ့မိတ်ဆက်ခြင်းဖြင့် သာ ဈေးကွက်ကိုပြိုင်ဆိုင်နေခြင်း ဖြစ်သည်။
7Day News

No comments:

Post a Comment