Latest News

Wednesday, July 12, 2017

ဟောင်ကောင်သို့ လုပ်သားစေလွှတ်ရေး ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် သွားရောက်လေ့လာမည်

ဟောင်ကောင်သို့ လုပ်သားစေလွှတ်ရေး ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် သွားရောက်လေ့လာမည်

ဟောင်ကောင်သို့ အလုပ်သမား စေလွှတ်နိုင်ရေးနှင့် ပတ်သက်၍ မြန်မာပြည်ပ အလုပ်အကိုင်ဝန် ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ ချုပ် (MOEAF) တာဝန်ရှိသူများက အကြိုသွားရောက်လေ့လာရန် ရှိ ကြောင်း သတင်းရရှိသည်။

ဟောင်ကောင်တွင် အိမ်အ ကူနှင့် စားသောက်ဆိုင်လုပ်ငန်း များအတွက် အလုပ်သမားလိုအပ် ချက်မြင့်မားနေပြီး မြန်မာအလုပ် သမားများ ခေါ်ယူရန် ကမ်းလှမ်း မှုများရှိနေသဖြင့် အဆိုပါ လုပ် ငန်းခွင်အခြေအနေများသို့ သွားရောက်လေ့လာရန် ပြင်ဆင်နေ ကြောင်း MOEAF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘ဒီလကုန်ပိုင်းလောက် သွား ကြမှာပါ။ အိမ်အကူလုပ်သားစေ လွှတ်မှုကို အစိုးရကလည်း ပြန်ခွင့် ပြုနိုင်မယ့်အခြေအနေရှိနေတော့ ခွင့်ပြုတဲ့အခါမှာ အဆင်သင့်ဖြစ် ရအောင် ကြိုပြီး သွားလေ့လာတဲ့ သဘောပါ’’ဟု ၎င်းက ပြောသည်။

ဟောင်ကောင်သို့ ယခင်က မြန်မာအိမ်အကူ လုပ်သားစေ လွှတ်ခြင်းကို ခွင့်မပြုခဲ့သော်လည်း ၂၀၁၄ ကစ၍ ယခုအချိန်အထိ ရပ်နားထားခဲ့သည်။ ယင်းနိုင်ငံတွင်အိမ်ကူ အလုပ်သမားများ အားပေးသောလစာသည် စင်ကာပူနိုင်ငံထက် သာလွန်၍ အေဂျင်စီများက စိတ်ဝင်စားမှုရှိနေသည်။

‘‘ဟောင်ကောင်မှာက တစ် လကို ဒေါ်လာ ၅၀၀ ကျော် လောက်ရတယ်။ စင်ကာပူက ဒေါ်လာ ၄၅၀ လောက်ပဲရတယ်။ တကယ် ပြန်လွှတ်ခွင့်ပေးလိုက် ရင် အလုပ်သမားတွေအတွက် ဟောင်ကောင်နိုင်ငံကို ပိုပြီးရွေး ချယ်မှုရှိလာနိုင်တယ်’’ဟု ငွေကြိုး ကြာပြည်ပအလုပ်အကိုင်ရှာဖွေ ရေးဝန်ဆောင်မှုကုမ္ပဏီ မန်နေ ဂျင်းဒါရိုက်တာ  ဦးစိုင်းစည်သူက ဆိုသည်။

ဟောင်ကောင်တွင် မြန်မာ အလုပ်သမားများအတွက် အခြား အလုပ်အကိုင်အခွင့်အလမ်းများရ ရှိနိုင်ပြီး အလုပ်သမားဈေးကွက် အသစ်များကို ယင်းနိုင်ငံမှ ရရှိနိုင် ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

‘‘ဟောင်ကောင်က အဓိက ခေါ်ချင်နေတာက အိမ်အကူလုပ် သားဖြစ်နေတယ်။ ၀န်ကြီးဌာနကို အလုပ်သမားစေလွှတ်ပေးဖို့ ကမ်း လှမ်းနေတာလည်းရှိတယ်။ အေ ဂျင်စီအဖွဲ့ချုပ်က လေ့လာတွေ့ရှိ ချက်တွေနဲ့ အကြောင်းအရာတင် ပြလာရင် လူကြီးတွေက စဉ်းစား မှာပေါ့’’ဟု ၎င်းက ဆိုသည်။

ဟောင်ကောင်သို့ ၂၀၁၄မတိုင်ခင်က အိမ်အကူအလုပ်သ မားဦးရေ ၁၀၀ ကျော်တရားဝင် သွားရောက် လုပ်ကိုင်ခွင့်ပြုထားခဲ့ကြောင်း အလုပ်သမား ညွှန်ကြား မှုဦးစီးဌာန စာရင်းများအရ သိရ သည်။
7Day News

No comments:

Post a Comment