Latest News

Monday, July 10, 2017

ဒေါက်တာမင်းဇော်ဦး JMC အလုပ်အဖွဲ့ ညွှန်ကြားရေးမှူးတာဝန်မှနုတ်ထွက်ညွှန်ကြားရေးမှူးအဖြစ် ဦးအောင်နိုင်ဦးတာဝန်ယူမည်

ဒေါက်တာမင်းဇော်ဦး JMC အလုပ်အဖွဲ့ ညွှန်ကြားရေးမှူးတာဝန်မှနုတ်ထွက်ညွှန်ကြားရေးမှူးအဖြစ် ဦးအောင်နိုင်ဦးတာဝန်ယူမည်

 ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေးကော်မ တီ(JMC)အလုပ်အဖွဲ့ ညွှန်ကြား ရေးမှူး ဒေါက်တာ မင်းဇော်ဦး သည် တာဝန်မှ နုတ်ထွက်မည်ဖြစ် သဖြင့် ညွှန်ကြားရေးမှူးအသစ်အ ဖြစ် ယခင် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC)၏နိုင်ငံရေးဆိုင်ရာ ဒါရိုက် တာ ဦးအောင်နိုင်ဦးက တာဝန်ယူမည်ဖြစ်ကြောင်း JMC-U အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးက ပြောကြားသည်။
ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ ပြုလုပ်သည့် ပြည်ထောင်စုအဆင့်  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေးကော်မ တီ(JMC-U)အစည်းအဝေးတွင် အလုပ်အမှုဆောင်ညွှန်ကြားရေး မှူးအသစ်ခန့်ထားရန် ဆွေးနွေးဆုံးဖြတ်ခြင်းဖြစ်ပြီး အလုပ်အမှု ဆောင်ညွှန်ကြားရေးမှူးသစ် ဦး အောင်နိုင်ဦးက သြဂုတ် ၁ ရက်၌ စတင်တာဝန်ယူမည်ဖြစ်ကြောင်း JMC-U က ယင်းအစည်းအဝေးအ ပြီးတွင် သတင်းထုတ်ပြန်သည်။

မိမိကျွမ်းကျင်သည့် သုတေသနလုပ်ငန်းနှင့် နိုင်ငံရေးသုံးသပ် ချက်များ    လုပ်ဆောင်နိုင်ရန် JMC လုပ်ငန်းစဉ်၏တာဝန်မှ နုတ်ထွက်ရန် ဆုံးဖြတ်ခြင်းဖြစ်၍ ၂၀၁၆ နိုဝင်ဘာတွင် ပြုလုပ်သည့် ရှစ်ကြိမ်မြောက် JMC-U အစည်းအဝေး၌ တင်ပြခဲ့ကြောင်း ဒေါက်တာမင်းဇော်ဦးက ပြောသည်။

‘‘အဓိကကတော့ ကျွန်တော် တို့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဝင် ပြီး လုပ်ပေးတယ်ဆိုတာက ကျွန် တော်တို့က လိုအပ်ချက်အနေနဲ့ လုပ်ပေးတာလေ။ ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလောက်မှာ ဒီ JMC ကနေ ကျွန်တော်လုပ်ငန်းပိုင်းအရ တ ခြားကို ကူးမယ်ဆိုပြီး ပြောတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်ကရော အစိုးရ ဘက်ကနေပြီးတော့ ကျွန်တော့်ကို နောက်ထပ် အနည်းဆုံး ခြောက် လလောက် ထပ်ပြီးတော့လုပ်ပေး ပါ။ JMC မှာလည်း ဒီလုပ်ငန်း လည်ပတ်တာ ကောင်းဖို့အတွက် ပေါ့။ နောက်ပြီးတော့ ဒီ JMC အ တွက် လိုအပ်တဲ့အခြေခံတွေပေါ့ နော်။ ဒါကို အုတ်မြစ်ချတာတွေ ပေါ့။ အစုအဖွဲ့လေးတွေဖြစ်လာ အောင်၊ လုပ်ငန်းကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ အခြေခံတာတွေဖြစ် လာအောင်ပေါ့နော်။ အခုတော့ ဘာပဲပြောပြော JMC က အခြေ ကျသွားပြီလို့ ပြောလို့ရတာပေါ့ နော်။ ဒီအနေအထားဆိုတော့ ကျွန်တော် နဂိုကတည်းက စဉ်းစားထားတဲ့ သုတေသနလုပ်တဲ့သုံး သပ်ချက်တွေ ရေးတာတွေ ဒါတွေ ကို ပိုပြီး ဦးစားပေးလုပ်ဖို့ အဆင် ပြေမယ်ဆိုပြီး ဒီအခြေခံနဲ့ ဒီအဆင့်အထိ လုပ်ပေးပြီးတော့ ကျွန်တော်နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။ ဒေါက်တာမင်းဇော်ဦးသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အစိုးရဖိတ်ခေါ်မှုဖြင့် MPC အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ထို့နောက် NCA ရေးဆွဲရေးလုပ်ငန်းစဉ်၏နည်းပ ညာအထောက်အကူပြုအဖွဲ့တွင် ပါဝင်ခဲ့ပြီးနောက် အလုပ်အဖွဲ့ ညွှန်ကြားရေးမှူးတာဝန်ဆောင် ရွက်ခဲ့သည်။ ထို့အပြင် JMC-U တွင်လည်း အစိုးရအဖွဲ့ဝင်အဖြစ် NCA ရေးဆွဲစဉ်က ပါဝင်ဆောင် ရွက်ခဲ့သူဖြစ်သည်။

မိမိအနေဖြင့်    နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးအဖြစ် ဆက်လက်ရှိမည်ဖြစ်ကာ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အထောက် အကူပြုရေးဆိုင်ရာအတွက် ပိုမိုအကြံပြု ပြောဆိုနိုင်မည် ဖြစ် ကြောင်းလည်း ၎င်းက ဆိုသည်။

‘‘ကျွန်တော် လုပ်ခဲ့တဲ့ တောက်လျှောက်မှာ အားအရဆုံး က ပဋိပက္ခဖြစ်နေတဲ့လူတွေကိုယ် တိုင် JMC ယန္တရားလည်ပတ်ဖို့ အရေးကြီးတယ်လို့ ခံယူချက်ရှိ ကြတယ်။ တပ်မတော်ကရော၊ ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကလည်း ဒီလိုခံယူ ချက်ရှိတော့ သူတို့အနေနဲ့ ပူး ပေါင်းဆောင်ရွက်တယ်။ JMC  ဒီနေ့ ဒီအချိန်ထိ လုပ်လာနိုင်တာ က နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု အရေးကြီးတယ်။ ဒီနေ့ဒီအချိန်ထိ တော့ နှစ်ဖက်စလုံးက ဆန္ဒရှိကြ တယ်။ ဒီအပေါ်မှာ ဒီလောက်အ ထိ ဖြစ်လာတယ်လို့ထင်ပါတယ်။ ရှေ့လျှောက် ဒီလုပ်ငန်းစဉ်လည်း လုပ်နိုင်မယ်လို့ ကျွန်တော်ထင် ပါတယ်’’ဟု ဒေါက်တာမင်းဇော်ဦး က ဆိုသည်။

အလုပ်အဖွဲ့ညွှန်ကြားရေး မှူး ရာထူးအတွက် ဝန်ထမ်းများ တင်ဒါဈေးပြိုင်ခေါ်ယူသည့်စနစ် ဖြင့် လွတ်လွတ်လပ်လပ်လျှောက် ထားစေခဲ့ပြီး အရည်အချင်းပေါ် မူတည်၍ ရွေးချယ်ခြင်း ဖြစ် ကြောင်း JMC-U တာဝန်ရှိသူများ က ပြောသည်။

‘‘ကျွန်မတို့တွေကတော့ ဒီ ဟာကို စတင်ပြီးတော့မှ အလုပ် ခေါ်စာတွေကိုလည်းပဲ လွန်ခဲ့တဲ့ နိုဝင်ဘာလောက်ကနေပြီးတော့မှ  စတင်ကြေညာခဲ့တာဖြစ်ပါတယ်။ အလုပ်အဖွဲ့တွေအနေနဲ့လည်း ပြင်ဆင်ပြီးတော့မှ JMC-U ကို တင်ပြထားပြီး ဆောင်ရွက်ခဲ့ပါ တယ်’’ဟု အလုပ်အဖွဲ့ဒုတိယညွှန် ကြားရေးမှူး ဒေါ်စိုင်းပန်က ဆို သည်။

JMC အလုပ်အဖွဲ့သည် အ ပစ်ရပ်လုပ်ငန်းစဉ်များအတွက် နည်းပညာအထောက်အကူများ ကိုသာမက JMC-U အပါအဝင် တိုင်း၊ ပြည်နယ်နှင့် ဒေသအဆင့် အပစ်ရပ်စောင့်ကြည့်ရေးကော်မ တီများနှင့် ဆက်စပ်သည့် လုပ်ငန်းစဉ်များအပါအဝင် အဓိကဆောင် ရွက်ပေးနေရသည်။

JMC ကို တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(NCA)အရ ဖွဲ့စည်း ထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနေစဉ် လက်နက်ကိုင်ပဋိ ပက္ခများမပေါ်ပေါက်ရေး ပူးတွဲ ထိန်းသိမ်းစောင့်ကြည့်ရန်နှင့်ပဋိ

ပက္ခများ ပေါ်ပေါက်လာပါက လည်း အင်အားသုံးဖြေရှင်းခြင်း မရှိဘဲ ဆွေးနွေးညှိနှိုင်းအဖြေရှာ ရန် အဓိကလုပ်ငန်းတာဝန်များ အဖြစ် သတ်မှတ်ထားသည်။
7Day News

No comments:

Post a Comment