Latest News

Monday, July 10, 2017

အာဇာနည်ဗိမာန်သို့ ဂါရဝပြုမည့်သူများ ဖုန်းနှင့်ပန်းစည်း ယူဆောင်ခွင့်မပြုအခမ်းအနားကျင်းပစဉ် ရန်ကုန်မြို့ရှိ လမ်းမအချို့ကို ခေတ္တပိတ်မည်

အာဇာနည်ဗိမာန်သို့ ဂါရဝပြုမည့်သူများ ဖုန်းနှင့်ပန်းစည်း ယူဆောင်ခွင့်မပြုအခမ်းအနားကျင်းပစဉ် ရန်ကုန်မြို့ရှိ လမ်းမအချို့ကို ခေတ္တပိတ်မည်

ဇူလိုင် ၁၉ ရက်တွင် ကျ ရောက်မည့် နှစ်(၇၀)ပြည့် အာဇာ နည်နေ့အခမ်းအနား၌ အာဇာ နည်ဗိမာန်သို့ ဝင်ရောက်ဂါရဝပြု မည့်သူများအနေဖြင့် ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်းအမျိုးမျိုး အပါအ ဝင် ကင်မရာနှင့် လက်ကိုင်ဖုန်းများ ယူဆောင်ခွင့်မပြုကြောင်း အာဇာနည်နေ့အခမ်းအနား လုံခြုံ ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ထုတ်ပြန်သည်။

ထို့အပြင် ဗီနိုင်းစာအမျိုးမျိုး၊ ပုလင်း၊ ဘူးအမျိုးမျိုး၊ အလံအမျိုး မျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် သံပိုက်၊ ကော်ပိုက်များနှင့် လက်ကိုင်အိတ် အမျိုးမျိုးကိုလည်း ယူဆောင်ခွင့် မပြုကြောင်း ကော်မတီက ထုတ်ပြန်သည်။

အာဇာနည်ဗိမာန်သို့ အများ ပြည်သူ လာရောက်ဂါရဝပြုနိုင်ရန် နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ရာ လာရောက်မည့် ပြည်သူများ သည် အနောက်ရွှေဂုံတိုင်လမ်းမှ တစ်ဆင့် အနောက်ရွှေဂုံတိုင်လမ်းနှင့် အာဇာနည်လမ်းဆုံရှိ ဂိတ် (၁) မှ ဝင်ရောက်၍ ဂိတ်(၂) မှတစ်ဆင့် အာဇာနည်လမ်းအတိုင်း ရွှေတိဂုံ အရှေ့ဘက်မုခ်စောင်းတန်းသို့ ထွက်ခွာရမည်ဖြစ်သည်။ အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်တို့ကို အဆိုပါနေ့တွင် ဝင်ကြေးအခမဲ့ဖြင့် မည်သူမဆို ဝင် ရောက်လေ့လာနိုင်သည်။

အာဇာနည်နေ့အခမ်းအနား ကျင်းပနေစဉ် ရန်ကုန်မြို့ရှိ လမ်း အချို့ကို အချိန်ပိုင်း ခေတ္တပိတ် မည်ဖြစ်သည်။

ဇူလိုင် ၁၈ ရက် နံနက် ၆ နာရီမှ ၁၉ ရက် ညနေ ၆ နာရီအထိဦးဝိစာရလမ်းနှင့် အနောက်ရွှေဂုံ တိုင်လမ်းဆုံရာမှ အနောက်ရွှေဂုံ တိုင်လမ်းအတိုင်း လင့်ခ်လမ်းနှင့် ဆုံရာအထိဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားမည် ဖြစ်သည်။

 အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ်စောင်းတန်းအထိ လည်း ယာယီပိတ်ထားမည်ဖြစ် သည်။

အလားတူ အနောက်ရွှေဂုံ တိုင်လမ်းမှ အာဇာနည်ဗိမာန်သို့ တက်ရောက်ရာ အုတ်လှေကား လမ်းနှင့် ကျောက်ဆည်ဓမ္မာရုံဘေးလမ်းကြားများအထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း (၇၀)ပြည့် အာဇာနည်နေ့အခမ်းအနား လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်း ရေးကော်မတီမှ သိရသည်။

အာဇာနည်နေ့အခမ်းအနား သို့ တက်ရောက်ရန်ဖိတ်ကြားထား သော ဧည့်သည်တော်များသည် ရွှေတိဂုံတောင်ဘက်မုခ်မှ အာဇာ နည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ ဘက်မုခ်မှတစ်ဆင့် ရွှေတိဂုံ မြောက်ဘက်မုခ်ရှိ အာဇာနည်ဗိ မာန် ဝင်ပေါက် ဂိတ်(၂)မှ ဝင် ရောက်ပြီး အနောက်ရွှေဂုံတိုင် လမ်း ဂိတ်(၃)မှ ပြန်လည်ထွက် ခွာရမည်ဖြစ်သည်။

၁၉၈၃ အောက်တိုဘာ ၉ ရက်က အာဇာနည်ဗိမာန်၌ မြောက်ကိုရီးယား အကြမ်းဖက်သမားများက ဗုံးဖောက်ခွဲပြီးနောက် အာဇာနည်ဗိမာန်ကို နှစ်စဉ် လုံခြုံရေးတင်းကျပ်ခဲ့သည်။
7Day News

No comments:

Post a Comment