Latest News

Monday, July 10, 2017

ကရင်နှင့် မန္တလေးမဘသတို့က အဖွဲ့ဆိုင်းဘုတ်များကို ဖျက်သိမ်းမည်မဟုတ်ကြောင်း ထုတ်ပြန်

ကရင်နှင့် မန္တလေးမဘသတို့က အဖွဲ့ဆိုင်းဘုတ်များကို ဖျက်သိမ်းမည်မဟုတ်ကြောင်း ထုတ်ပြန်


မဘသအဖွဲ့၏ ကရင် ပြည်နယ်နှင့် မန္တလေးတိုင်းရှိ ဆိုင်းဘုတ်များကို ဖျက်သိမ်းမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဆိုင်းဘုတ်များ ဖျက်သိမ်းမခံရစေ ရန် သံဃာများနှင့် မဘသအဖွဲ့ ၀င်များက အလှည့်ကျတာဝန်ယူ စောင့်ကြပ်နေကြောင်း သတင်း ရရှိသည်။
နိုင်ငံတော် သံဃမဟာနာယ ကအဖွဲ့က မဘသဆိုင်းဘုတ်နှင့် တံဆိပ်များကို ဇူလိုင် ၁၅ ရက် နောက်ဆုံးထား၍ ဖျက်သိမ်းရန် ညွှန်ကြားထားသော်လည်း ကရင် ပြည်နယ်နှင့် မန္တလေးတိုင်းမဘသ အဖွဲ့တို့က ဆိုင်းဘုတ်များကို ဖျက်သိမ်းမည်မဟုတ်ကြောင်း ယင်းအဖွဲ့မှ ဦးဆောင်ဆရာတော် များက မိန့်သည်။

ကရင်ပြည်နယ် မဘသက ဇူလိုင် ၇ ရက်စွဲဖြင့် ဆိုင်းဘုတ်များ ကို ဖျက်သိမ်းမည်မဟုတ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပြီး မန္တလေးတိုင်း မဘသကလည်း ဇူလိုင် ၉ ရက်တွင် သဘောထား တစ်စောင် ထုတ်ပြန်ခဲ့သည်။

မန္တလေး မဘသအဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် အဖွဲ့ ဆိုင်းဘုတ်ကို လုံးဝ (လုံးဝ) ဖျက် သိမ်းမည်မဟုတ်ကြောင်းနှင့် အ ထက်ပါရပ်တည်ချက်နှင့်ပတ် သက်၍ မန္တလေး မဘသအဖွဲ့က အပြည့်အ၀တာဝန်ယူကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၄ အသင်းအဖွဲ့ မှတ်ပုံတင် ခြင်းဆိုင်ရာ ပြည်ထောင်စုဥပဒေ များကို ကျော်နင်း၍ မဟနကြေ ညာချက်တစ်ခုတည်းနှင့် မဘသ ဆိုင်းဘုတ်ကို အကြမ်းဖက် ဖြို ခွင်းလာပါက ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာအရပ် ရပ်သည် အစိုးရကသာလျှင် တာ ၀န်ရှိကြောင်း စသည့်အချက် သုံး ချက်ကို ဖော်ပြသည်။

‘‘ဦးပဉ္စင်းတို့က ဆိုင်းဘုတ် ကို မဖြုတ်ပေးနိုင်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဦးပဉ္စင်းတို့ မဘသအဖွဲ့ ကနေ နိုင်ငံနဲ့လူမျိုး၊ ဘာသာသာ သနာအကျိုးနည်းအောင် ခေတ် အဆက်ဆက်   အစိုးရတွေကို လည်း ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့တာတွေမရှိဘူး။ မဘသအဖွဲ့မှာရှိတဲ့ သံဃာတော် တွေဟာ နိုင်ငံ လက်ရှိအစိုးရ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြော တယ်ဆိုရင် ပြောတဲ့အတိုင်း ခု ကျင့်သုံးနေတဲ့ ၆၆ (ဃ)နဲ့ ပုဂ္ဂိုလ် ရေးအရ စွဲလို့ရတာပဲ။ ကျုပ်က ပြောရင် ကျုပ်ကို ဖမ်းလို့ရတယ် လေ။ အဖွဲ့ကြီးကိုတော့ ဘောင် ကျဉ်းကျဉ်းလေးထဲရောက်သွား အောင် တွန်းပို့စရာမရှိဘူးလေ’’ ဟု အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့ (အထက်မြန်မာ ပြည်) မန္တလေးတိုင်းဒေသကြီး သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဘဒ္ဒန္တယသက မိန့်သည်။

ကရင်ပြည်နယ် ဘားအံမြို့ တွင် အထင်ကရ မဘသဆိုင်း ဘုတ်လေးခုရှိပြီး ဆိုင်းဘုတ်များ ကို သံဃာများနှင့် လူပုဂ္ဂိုလ်များ က အလှည့်ကျစောင့်ကြည့်နေ ကြောင်း ကရင်ပြည်နယ် မဘသ သတင်းပြန်ကြားရေးရုံးမှ တာ ၀န်ခံဆရာတော်တစ်ပါးက မိန့် သည်။ ထို့အပြင် ဇွဲကပင်တောင် ဆရာတော်ကြီး ဦးက၀ိဓဇ၏ ညွှန် ကြားချက်အရ သီးခြား စောင့် ရှောက်ရေးအစီအစဉ်တစ်ရပ်ကို လည်း ပြုလုပ်မည်ဖြစ်ကြောင်း ဆရာတော်က ဆက်၍ ပြော သည်။

‘‘ဘားအံမြို့ပေါ်မှာတော့ မနက်နဲ့ ည နှစ်ဖွဲ့ခွဲပြီး ဆိုင်းဘုတ် တွေကို ထိန်းသိမ်းနေပါတယ်။ နယ်ဘက်က အဖွဲ့ခွဲတွေမှာလည်း ဤနည်းတူ လုပ်ဆောင်ဖို့ ပြော ထားပါတယ်။ အကြမ်းဖက်ဖြိုခွဲ တာမျိုးမဖြစ်စေချင်ပါဘူး။ ဒီအ ပြင် ထပ်စိုက်ဖို့ ဆိုင်းဘုတ်တွေ လည်း ပြင်ထားပါတယ်’’ဟု မိန့် သည်။ ထို့အပြင် ဇွဲကပင်တောင် ဆရာတော်ကြီး ဦးက၀ိဓဇ၏ ညွှန် ကြားချက်အရ သီးခြားအဖွဲ့လိုက် စောင့်ရှောက်ရေးအစီအစဉ်တစ် ရပ်ကိုလည်း ပြုလုပ်မည်ဖြစ် ကြောင်း ဆရာတော်က  မိန့်ကြား သည်။

မန္တလေးတိုင်းတွင် မဘသ ဆိုင်းဘုတ်နှစ်ခုရှိပြီး ဖျက်သိမ်းမခံ ရစေရေး စောင့်ကြည့်နေကာ အ တိအကျကြီးကြပ်နိုင်ရန် အစည်း အဝေးတစ်ခုကို ဇူလိုင် ၁၃ ရက် တွင် ကျင်းပမည်ဖြစ်ကြောင်း ဘဒ္ဒန္တယသက မိန့်သည်။

‘‘ဆိုင်းဘုတ်တွေကို ဖြိုခွဲရင် တော့ တုံ့ပြန်မှုရှိမှာပဲ။ ဘယ်လို တုံ့ပြန်မလဲကတော့ ဖြစ်မှပဲ ဒါ ဘယ်လို တုံ့ပြန်တယ်ဆိုတာရှိလာ မယ်။ အခုတော့ အတိအကျပြော မရသေးပါဘူး’’ဟု အထက်ပါ ဆရာတော်က မိန့်သည်။

နိုင်ငံတော် သံဃမဟာနာယ ကအဖွဲ့က မေလ ၂၃ ရက်စွဲဖြင့် မဘသအမည်ကို သုံးစွဲခြင်းမပြု ရန်နှင့် မဘသစာသားပါ ဆိုင်း ဘုတ်များကို ဖျက်သိမ်းရန် ညွှန် ကြားစာ ထုတ်ပြန်ခဲ့သည်။ လိုက် နာခြင်းမရှိပါက ပြည်ထဲရေးဝန် ကြီးဌာနမှ အရေးယူဆောင်ရွက် ရန်ဟု ထုတ်ပြန်ချက်တွင် ထည့် သွင်းဖော်ပြထားသည်။

သာသနာရေးဝန်ကြီးဌာန အနေဖြင့် မဘသအဖွဲ့၏ ခြေ လှမ်းများကို စောင့်ကြည့်ရုံသာ ဖြစ်ပြီး အရေးယူခြင်းနှင့်ပတ်သက် ၍ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ညွှန်ကြားချက်အတိုင်း သာ လုပ်ဆောင်မည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန မူဝါဒ နှင့် ဥပဒေ လုပ်ထုံးလုပ်နည်းစိစစ် ရေး၊ လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်း က ပြောသည်။

‘‘သံဃာအဖွဲ့အစည်းအ ချင်းချင်းဖြစ်နေတော့ ဌာနဆိုင်ရာ အနေနဲ့ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ကြီးရဲ့ ညွှန်ကြား ချက်ကိုပဲ စောင့်ပြီး လုပ်သင့်တာ လုပ်သွားမှာပါ’’ဟု ၎င်းက ပြော သည်။
7Day News

No comments:

Post a Comment