Latest News

Wednesday, July 12, 2017

မိုးရွာသွန်းမှုနှင့်အတူ ရန်ကုန်မြို့၌ ရေကြီးရေလျှံ

မိုးရွာသွန်းမှုနှင့်အတူ ရန်ကုန်မြို့၌ ရေကြီးရေလျှံ

ရန်ကုန်    ဇူလိုင်    ၁၁

ရန်ကုန်တိုင်းဒေသကြီးတွင် ယနေ့မွန်လွဲ ၂ နာရီခန့် မှစ၍ မိုးရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှုများ ဖြစ်ပေါ် နေသည်ကို တွေ့ရသည်။

အဆိုပါမိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများကို မြို့နယ်အလိုက် လမ်းအချို့တွင် တွေ့မြင်ရပြီး အထူးသဖြင့်  မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ လမ်းများတွင် ရေကြီးရေလျှံမှု ပိုမိုဖြစ်ပွားသည်ကို တွေ့ရသည်။

''မိုးရွာပြီဆိုတာနဲ့  ရေကြီးတော့တာပဲ။  ရေကြီးတဲ့ အချိန်ဆို လမ်းသွားလမ်းလာတွေအတွက် အန္တရာယ်များတယ်။ လူငယ်တွေက အဲဒီလောက်မဟုတ်ဘူး။ ကလေးတွေ၊ အသက်ကြီးတဲ့သူတွေအတွက် ပိုအန္တရာယ်ရှိတယ်။ ဖြစ်နိုင်ရင် သက်ဆိုင်ရာလမ်းလူကြီးတွေပဲဖြစ်ဖြစ်၊ လမ်းထဲမှာ နေထိုင်တဲ့သူပဲဖြစ်ဖြစ် လမ်းသွားလမ်းလာတွေကို လမ်းညွှန်ပေးစေချင်တယ်။

ပြီးတော့ အမှတ်အသားလေးတွေ ဒါမှမဟုတ် စာလေးတွေရေးပြီး ကပ်ထားသင့်တယ်'' ဟု  အဆိုပါမြို့နယ်တွင်  နေထိုင်သူ  ဒေါ်မြသက်က ပြောသည်။

ယနေ့မွန်းလွဲပိုင်းမှစ၍ ညနေ ၅ နာရီခန့်အထိ ရွာသွန်းခဲ့သည့်မိုးကြောင့် ယာဉ်ကြောပိုမိုပိတ်ဆို့ခြင်း၊ နေအိမ်၊ ဆိုင်ခန်းများအတွင်းသို့ ရေဝင်ခြင်း၊ ကားအချို့ စက်ပျက်ယွင်းခြင်း အစရှိသည့် အဆင်မပြေမှုပေါင်း များစွာကို တွေ့ရသည်။

သတင်း-ဇာနည်မောင်
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment