Latest News

Wednesday, July 12, 2017

မြောက်ကိုရီးယားခေါင်းဆောင်က ဒုံးကျည်ပညာရှင်များကို နိုင်ငံတော်ညစာစားပွဲဖြင့် ဂုဏ်ပြု

မြောက်ကိုရီးယားခေါင်းဆောင်က ဒုံးကျည်ပညာရှင်များကို နိုင်ငံတော်ညစာစားပွဲဖြင့် ဂုဏ်ပြု

ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီးယားရဲ့ ပထမဆုံး တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့အပြီး ဒုံးကျည်ပညာရှင်တွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက နိုင်ငံတော်ညစာစားပွဲနဲ့ ဂုဏ်ပြုခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဒုံးကျည်ပညာရှင်တွေကို ဇူလိုင် ၁၀ ရက်နေ့ကလည်း ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနဖြစ်တဲ့ ကေအာတီမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဇူလိုင် ၄ ရက်နေ့က အောင်အောင်ြမင်မြင် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဟွာဆောင်-၁၄ ဒုံးကျည်ဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM အမျိုးအစားဖြစ်ပြီး နျူကလီးယားထိပ်ဖူး စတာတွေကို တပ်ဆင်ပစ်ခတ်နိုင်ပါတယ်။

အခုစမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားဒုံးကျည်ဟာ အမေရိကန် အလက်စကာပြည်နယ်ထိ ရောက်အောင် ပစ်ခတ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။
DVB

No comments:

Post a Comment