Latest News

Sunday, July 2, 2017

လေးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ကို မယုံကြည်ကြောင်း အသတ်ခံရသူ၏ မိခင် ပြောကြား

လေးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ကို မယုံကြည်ကြောင်း အသတ်ခံရသူ၏ မိခင် ပြောကြား

 လေးလောင်းပြိုင် လူ သတ်မှုတွင် အိမ်ထောင်ဦးစီးဖြစ် သူ ကိုစိုးနောင်က ဇနီးနှင့် သား များကို သတ်ပြီး ကိုယ်တိုင်သတ် သေခဲ့ကြောင်း ဇွန်လ ၂၉ ရက်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သော်လည်း အတူနေ မိသားစုဝင်ဖြစ်သူ ဒေါ်ရီရီနွဲ့က မယုံကြည်ကြောင်း ပြောသည်။

‘‘သားသမီးတွေကို ချစ်တဲ့ သူတစ်ယောက်က ဒီလိုလုပ်စရာ အကြောင်းမရှိပါဘူး။ သူ့သား တွေကို သူဘယ်လောက်ချစ် ကြောင်း ပတ်ဝန်းကျင်ကတောင် သိပါတယ်။ အန်တီတို့ကတော့ ရဲ တပ်ဖွဲ့က ဘယ်လိုတွေ ထုတ်ပြန် တယ်ဆိုတာ သတင်းစာဖတ်မှသိ ရတာပါ။ အခုလို ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့တော့ မယုံကြည် ဘူး’’ဟု အသတ်ခံရသော မချယ် ရီပွင့်၏ မိခင် ဒေါ်ရီရီနွဲ့က ဆို သည်။

မင်္ဂလာဒုံမြို့နယ် ပတ္တမြား မြို့သစ်တွင် ၂၀၁၆ သြဂုတ် ၂၀ ရက်က လေးလောင်းပြိုင်လူသတ် မှုဖြစ်ပွားခဲ့ပြီး ၁၀ လကျော်အကြာ ၌ ရဲတပ်ဖွဲ့က တရားလိုအပါအ ၀င် သက်သေ ၁၅၆ ဦး၊ သင်္ကာ မကင်းသူ ခုနစ်ဦးတို့ကို စစ်ဆေး ကာ သက်သေခံဓားနှင့် အခြား ပစ္စည်းအချို့ကို DNA စစ်ဆေး ချက်များအရ သေဆုံးသူလေးဦး ၏ DNA သာတွေ့ရပြီး အခြား ပြင်ပလူများ၏ DNA မတွေ့ရှိ ကြောင်း ထုတ်ပြန်သည်။

လူသတ်မှုဖြစ်ပွားခဲ့သည့် နေအိမ်အတွင်းမှ သက်သေခံအ ဖြစ် သိမ်းဆည်းထားသည့် ခြေရာ များသည် သေဆုံးသူ ကိုစိုးနောင် ၏ ခြေရာများဖြစ်ပြီး ၎င်း၏သား အငယ် မောင်စွမ်းထက်မြက်၏ ခုတင်ဘေးမှ တွေ့ရှိခဲ့သော ဖိနပ်ရာသည် တရားလို ဒေါ်ရီရီ နွဲ့၏ ဖိနပ်ရာဖြစ်သည်ကို စိစစ် အတည်ပြုခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် သက်သေခံပစ္စည်း အဖြစ် သိမ်းဆည်းထားသည့် သွေးများပေကျံနေသည့် စွပ် ကျယ်သည်လည်း ကိုစိုးနောင်၏ စွပ်ကျယ်ဖြစ်ပြီး အဆိုပါစွပ်ကျယ် တွင် ဓားဖြင့်ထိုးထားသော အ ပေါက်ရာမရှိသဖြင့် စွပ်ကျယ်ကို ချွတ်၍ သုတ်ထားသောအနေအ ထားဖြစ်နိုင်ကြောင်း၊ အဆိုပါစွပ် ကျယ်နှင့် ခြင်ထောင်တို့တွင် ပေ နေသည့် သွေးများကို DNA စစ် ကြည့်ရာ၌လည်း သေဆုံးသူ လေးဦး၏ DNA သာတွေ့ရ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ သည်။

ထို့အပြင် ကိုစိုးနောင်၏ ဘယ်ဘက်လက်သန်းတွင် သွေး ခြည်ဥဒဏ်ရာသည်လည်း သတ္တု အရိုးအား တင်းကျပ်စွာ ကိုင် ဆောင်၍ အချက်ပေါင်းများစွာ ထိုးစဉ် ရရှိနိုင်သော ဒဏ်ရာဖြစ် ပြီး သေဆုံးသူတစ်ဦးချင်းစီရရှိခဲ့ သည့် ဒဏ်ရာများသည်လည်း သက်သေခံ ဓားဖြင့်ထိုးသွင်းရရှိခဲ့ သည့် ဒဏ်ရာများဖြစ်သည်ကို အ တည်ပြုနိုင်ခဲ့ကြောင်း၊ ကိုစိုး နောင်သည် ဘယ်သန်ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်က ဆိုသည်။

‘‘သတင်းထုတ်ပြန်ချက်ထဲ မှာပါသလို စိုးနောင်က ဘယ် သန်မဟုတ်ပါဘူး။ ညာသန်တစ် ယောက်ပါ။ သရဲ၊ ဂမ္ဘီရစာအုပ် တွေကလည်း လမ်းထိပ်က စာ ရေးဆရာမ ရောင်းလို့ဝယ်ထား တာပါ။ အိမ်မှာ ဘယ်သူမှဖတ် မယ့်သူမရှိလို့ ဗီရိုထဲသိမ်းထား တာ။ ပြီးတော့ စိုးနောင်က သူ့ဟာ သူ အိမ်မှာလည်း အေးအေးဆေး ဆေးနေတတ်တယ်။ ဒါတွေကို ပတ်ဝန်းကျင်ကသူတွေကိုလည်း မေးကြည့်လို့ရတယ်’’ဟု ဒေါ်ရီရီ နွဲ့က ပြောသည်။

ကိုစိုးနောင်တို့ ဇနီးမောင်နှံ သည် အိမ်ထောင်မပြုခင်အချိန်မှ စ၍ သေဆုံးချိန်အထိ အိမ် ထောင်ရေးပြဿနာများ၊ လူမှု ရေးပြဿနာများရှိနေခဲ့ပြီး အခင်း မဖြစ်မီ သုံးလခန့်ကစ၍ မိသားစု စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့နေရကာ လင်မယားချင်း မကြာခဏ စကားများမှုများ ကြောင့် အအိပ်ပျက်၊ အစားပျက် ကာ စိတ်မတည်မငြိမ်ဖြစ်နေသည် ဟု ၎င်းတို့မိသားစု ပြဿနာများ ကို ကောင်းစွာသိရှိသူ ရှစ်ဦးက ထွက် ဆိုခဲ့ကြောင်း ထုတ်ပြန်ချက် က ဆိုသည်။ ထို့အပြင် အကြွေး ၂၇ သိန်းရှိသည်ဟုလည်း ဆို သည်။

‘‘သူတို့လင်မယားစညားက တည်းက အန်တီနဲ့အတူနေတာ။ လင်မယားတစ်ယောက် တစ်ခွန်း စကားများတာတော့ တစ်ခါတ လေရှိပါတယ်။ ကလေးတွေ မွေး ပြီးကတည်းက ကြီးကြီးကျယ် ကျယ်စကားများတာ၊ ရိုက်တာ နှက်တာမရှိပါဘူး။ အကြွေးက လည်း ၁၇ သိန်းပဲရှိတာ။ ၁၀ သိန်းဆပ်ပြီးသွားပြီ။ လူမှုရေးကိစ္စ တွေကလည်း ကြီးကြီးကျယ်ကျယ် မရှိပါဘူး’’ဟု ဒေါ်ရီရီနွဲ့က ငြင်း ဆိုသည်။

လေးလောင်းပြိုင်အသတ်ခံ ရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများမြင့် တက်နေသည်။
7Day News Journal

No comments:

Post a Comment