Latest News

Sunday, July 2, 2017

မြန်မာလုပ်သားများကို ကာကွယ်ပေးရန် ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံ မြန်မာလူ့အခွင့်အရေးကော်မရှင် အကူအညီတောင်း

မြန်မာလုပ်သားများကို ကာကွယ်ပေးရန် ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံ မြန်မာလူ့အခွင့်အရေးကော်မရှင် အကူအညီတောင်း

ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ထိခိုက်နစ်နာမှုများကို ကာကွယ်ပေးရန် ထိုင်းလူ့အခွင့်အရေး ကော်မရှင်ထံ မြန်မာလူ့အခွင့်အ ရေးကော်မရှင်က ဇွန်လ ၃၀ ရက်တွင် အကူအညီတောင်းသည့် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။

ထိုင်းနိုင်ငံ၌ ဇွန်လ ၂၀ ရက် က ထုတ်ပြန်ခဲ့သည့် အလုပ်ရှင်၊ အလုပ်သမားဥပဒေသစ်ကို အ ကောင်အထည်ဖော်ရာတွင် မြန် မာရွှေ့ပြောင်းအလုပ်သမားများ ထိခိုက်နစ်နာနေသည့်အပေါ် မြန်မာဘက်က မေတ္တာရပ်ခံစာပေးပို့ ခြင်းဖြစ်သည်။

‘‘ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အလုပ်သမားတွေပေါ့။ ထိုင်းနိုင်ငံ အလုပ်ရှင် အလုပ်သမားဥပဒေ သစ်တစ်ရပ်ထုတ်ပြန်လိုက်တဲ့အ တွက်ကြောင့် အလုပ်သမားတွေ ကို ထိုင်းရဲတွေက ဖမ်းနေတာရှိ တယ်လေ။ ဒါလည်း ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို အန်ကယ်တို့က ကော်မရှင်အချင်း ချင်းမေတ္တာရပ်ခံတာပါ’’ဟု ကော် မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

ထိုင်းလူ့အခွင့်အရေးကော် မရှင်သို့ပေးပို့သည့် စာ၌ ထိုင်း နိုင်ငံ၏ အသစ်ပြဋ္ဌာန်းသော ဥပဒေနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာမှတ် ချက်မပြုလိုသော်လည်း ဥပဒေ သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံ၌ လုပ်ကိုင်နေသည့် မြန်မာရွှေ့ ပြောင်းလုပ်သားများနှင့် ၎င်းတို့ မိသားစုများ၏ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေး လိုအပ်သကဲ့သို့ ကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားသည်။

ထိုင်းရောက်တရားမ၀င်မြန် မာလုပ်သားများကို ဖမ်းဆီးမှုများ ရပ်တန့်ပေးရန်နှင့် မြန်မာလုပ် သားများနေရပ်ပြန်ရေးပြင်ဆင် ချိန်ပေးရန် ထိုင်းအစိုးရထံ ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇွန်လ ၂၈ ရက်တွင် အကြံပြုတောင်းဆို ထားသည်။

လက်ရှိထုတ်ပြန်သည့် ဥပဒေသစ်ကြောင့် ဖမ်းဆီးခံရမည်ကိုစိုးရိမ်၍ ထိုင်းနိုင်ငံအတွင်းတရားမ၀င် အလုပ်လုပ်ကိုင်နေ သော မြန်မာရွှေ့ပြောင်းလုပ်သား ထောင်ချီ၍ မြန်မာနိုင်ငံသို့ ပြန် လာနေသည်။
7Day News Journal

No comments:

Post a Comment