Latest News

Saturday, July 1, 2017

မြဝတီမြို့၌ ရွှေထည်ဝယ်ယူသူများအား အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချခြင်းအစီအစဉ် စတင်

မြဝတီမြို့၌ ရွှေထည်ဝယ်ယူသူများအား အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချခြင်းအစီအစဉ် စတင်

မြဝတီ  ဇူလိုင်  ၁

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်အတွင်း ရှိ   ရွှေဆိုင်များအားလုံး    ရွှေထည်နှင့်လက်ဝတ် ရတနာဝယ်ယူသူများအတွက် ကျသင့်အခွန်နှင့် ညီမျှသည့် တန်ဖိုးအတိုင်းကပ်နှိပ်ထုတ်ပေးသည့်အစီအစဉ်ကို    ယနေ့    ဇူလိုင် ၁ ရက်မှစတင်  ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

''ရွှေထည်ပစ္စည်းဝယ်ယူတဲ့သူတွေကို ဝယ်ယူ မယ့်   တန်ဖိုးပေါ်မှာ  ကုန်သွယ်ခွန် ၁ ရာခိုင်နှုန်း ကောက်ခံမှာပါ။ အဲ့ဒီ  ရွှေထည်မှာ  ကျောက်မျက် ရတနာပါဝင်ပါက ကျောက်မျက်ရတနာအတွက် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမှာပါ''ဟု ရတနာထွန်းဆိုင်ပိုင်ရှင်က ပြောကြားသည်။

ရွှေထည်ဝယ်ယူသူများအနေဖြင့် ရွှေထည် အတွက် ၁ ရာခိုင်နှုန်းကို အဆင်ပြေလက်ခံနိုင် သော်လည်း        ကျောက်မျက်ရတနာအတွက်   ၅ ရာခိုင်နှုန်းကောက်ခံခြင်းကို    လျှော့ချပေးဖို့  လိုလားလျက်ရှိပြီး မြဝတီမြို့နယ်အတွင်း ရွှေဆိုင် ပေါင်း ၃ဝ ခန့်ရှိကြောင်းသိရသည်။ ထိန်လင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment