Latest News

Saturday, July 1, 2017

ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ


နေပြည်တော် ဇူလိုင် ၁

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို  ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဇွန် ၃ဝ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် အစီး ၆၆ဝ၊ သွင်းကုန် ၅၉၁ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၉ စီး၊ သွင်းကုန် ၁၉၄ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇွန် ၃ဝ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှုသုံးမှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ  ၄၃ သန်းခန့်)အား  သိမ်းဆည်းရမိခဲ့ပြီး ထူးခြားသိမ်းဆည်းမှုအနေဖြင့် ဇွန် ၃ဝ ရက်တွင်  မြဝတီမှရန်ကုန်သို့ သွားရောက်မည့်  ခရီးသည်တင်ယာဉ်ကို မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တားဆီး စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော ''Epson" LCD Projector (10) U (ခန့်မှန်း တန်ဖိုးငွေကျပ် ၂ ဒသမ ၈ သန်းခန့်)ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရ သည်။ (သတင်းစဉ်)

No comments:

Post a Comment