Latest News

Friday, July 14, 2017

အောင်လံမြို့ အနိမ့်ပိုင်းနေရာများသို့ ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်

အောင်လံမြို့ အနိမ့်ပိုင်းနေရာများသို့ ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်

ဧရာဝတီမြစ်ရေတက် လာ၍ အောင်လံမြို့နယ်ရှိ အနိမ့် ပိုင်းနေရာများသို့ မြစ်ရေများ စ တင် ဝင်ရောက်လာကာ ဒေသခံ များရေလွတ်ရာနေရာများသို့ ရွှေ့ ပြောင်းနေကြရပြီဖြစ်သည်။
အောင်လံမြို့ပေါ်ရပ်ကွက် များအတွင်း ဇူလိုင် ၁၀ ရက်က စတင်ကာ ရေများဝင်ရောက်လာ ခြင်းဖြစ်ပြီး သရက်တောရပ်ကွက် ဗိုလ်ကုန်းရပ်ရှိ ကမ်းနားတန်းနေအိမ် ၁၀ လုံးခန့်ရှိ မိသားစုများသည် ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေရပြီဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

‘‘မြစ်ရေက တစ်နေ့နည်း နည်းစီပဲ တက်တာပါ။ ၂၀ စင်တီ မီတာဝန်းကျင်လောက် တက်နေ တယ်။ အနိမ့်ပိုင်းနေရာလေးတွေတော့ ရေဝင်ရောက်တာရှိတာပေါ့။ စိုးရိမ်ရေအမှတ်ရောက်ဖို့က အဝေးကြီးလိုပါသေးတယ်။ ၁၀၉ စင်တီမီတာလောက်ကို လိုသေးတယ်’’ ဟု အောင်လံမြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်အောင်က ပြောသည်။

အောင်လံမြို့၏စိုးရိမ်ရေ မှတ်သည် ၂,၅၅၀ စင်တီမီတာဖြစ် ပြီး ဇူလိုင် ၁၄ ရက်နေ့လယ်အထိ ၂,၄၄၁ စင်တီမီတာသို့ ရောက်ရှိ နေသည်။

အောင်လံမြို့နယ် စမ်း ချောင်းရပ်ကွက်နှင့် စက်ရုံရပ် ကွက် အုန်းတောချောင်းဝန်းကျင် ရှိ နေအိမ်အချို့ကိုလည်း မြစ်ရေ ဝင်ရောက်မှုရှိနေပြီး ဆက်လက် မြင့်တက်လာပါက ရွှေ့ပြောင်းရတော့မည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီမြစ်ကြောင်းတစ် လျှောက် ကျေးရွာများဖြစ်သော ဂွေးကုန်း၊ မြွေရိုး၊ ဆာမိကုန်း စသည့်ကျေးရွာများရှိ အနိမ့်ပိုင်း စိုက်ခင်းများတွင်လည်း ရေဝင် ရောက်နေပြီး သီးနှံပင်များဆုံးရှုံး သည့်အခြေအနေ မရှိသေး ကြောင်း ဒေသခံများက ပြော သည်။
7Day News

No comments:

Post a Comment