Latest News

Sunday, July 9, 2017

မြန်မာ့ပညာရေး၊ ကျန်းမာရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး ဆက်လက်ကူညီရန် ယူကေကတိပြု

မြန်မာ့ပညာရေး၊ ကျန်းမာရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး ဆက်လက်ကူညီရန် ယူကေကတိပြု

ယူကေနိုင်ငံတကာဖွံ့ဖြိုး ရေးဌာန (DFID) ဒုတိယဝန်ကြီး Alistair Burt သည်ပြီးခဲ့သည့် သီ တင်းပတ်က မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတို့တွက် နောက်လေးနှစ်အထိ ဆက်လက်ကူညီရန် သ ဘောတူညီခဲ့ကြောင်း ယူကေသံ ရုံးက သတင်းထုတ်ပြန်သည်။

Alistair Burt သည် DFID ဒုတိယဝန်ကြီးအနေဖြင့် ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ပြီး ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့နှင့် တွေ့ဆုံကာ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံသို့ ပံ့ပိုးပေးမည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ဆွေးနွေးသ ဘောတူညီခဲ့သည်။

‘‘မြန်မာနိုင်ငံဟာဖွံ့ဖြိုးတိုး တက်မှုအတွက်စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ညီလာခံကနေ အားလုံး မျှော်လင့်နေဆဲ ငြိမ်းချမ်းရေးကို ရရှိအောင် ဆောင်ရွက်နိုင်ဖို့လည်း တိုက်တွန်းပါတယ်။ ဗြိတိန်နိုင်ငံ အနေနဲ့ မြန်မာပြည်သူတွေကျန်း မာဖို့၊ ပညာတတ်ဖို့အပြင် ဆင်းရဲ ချို့တဲ့မှုဘေးတွေမရှိစေဖို့ကူညီ ပေးမှာပါ’’ ဟု Alistair Burt က ပြောသည်။

သဘောတူညီချက်များအရ ယူကေအစိုးရအနေဖြင့် မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးရေးအတွက် လုပ်ငန်း စဉ် ၁၂ ခုဖြင့် ကူညီမည်ဟုဆိုသည်။

ပြည်သူတစ်သန်းကျော် အတွက် ငှက်ဖျားရောဂါကုသကာ ကွယ်ပေးခြင်း၊ ကလေးငယ်  ၄၉,၀၀၀ ပညာသင်ယူခွင့် ရရှိရန် ဆောင်ရွက်ပေးပြီး ၂၀၂၀ တွင် ကလေးငယ် တစ်သိန်းအထိ ပညာသင်ယူခွင့်ရရန် ပံ့ပိုးပေးခြင်း၊ ဆရာ၊ ဆရာမ ၂,၀၀၀ ကျော်၏ အင်္ဂလိပ်စာဘာသာစကားနှင့် သင်ကြားရေး စွမ်းရည်ကို မြှင့်တင်ပေးခြင်း၊ ကျေးလက် ဒေသမှ မိသားစု ရှစ်သိန်းကျော်အတွက် လယ်ယာ လုပ်ငန်းနှင့် တစ်နိုင်တစ်ပိုင် လုပ် ငန်းငယ်များ ဖွံ့ဖြိုးရေး ကူညီပေးခြင်း၊ အသက် (၅) နှစ်အောက် ကလေးငယ် သုံးသန်းကျော် အတွက် အာဟာရ လုံလောက်စွာ ရရှိစေရေး ပံ့ပိုးပေးခြင်း၊ လေးနှစ်အတွင်း  လူဦးရေ လေးသိန်းကျော် အတွက် စားနပ်ရိက္ခာ လုံလောက်အောင် ထောက်ပံ့ပေးခြင်း၊ ကျေးလက် ဒေသနေပြည်သူ ၃ ဒသမ ၅ သန်း ကျော်အတွက် ချေးငွေများပေး ခြင်း၊ လူဦးရေ ခြောက်သိန်းကျော် အတွက် သောက်သုံး ရေသန့်ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာ သူ ၅,၀၀၀ ကျော်ကို သင်တန်းပို့ချ ပေးခြင်း၊ လေးနှစ် အတွင်း ပြည်သူ လေးသိန်းကို လူမှု ကူညီပံ့ပိုးမှုများ ခံစားခွင့် ရရှိအောင် ဆောင်ရွက် ပေးခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဘက်ဘက်မှ ပံ့ပိုးကူ ညီပေးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရပ်ဘက် အဖွဲ့အစည်း များနှင့် အမျိုးသမီးအဖွဲ့ အစည်းများ ပိုမို ပူးပေါင်း ပါဝင်ခွင့် ရရေး၊ အမျိုးသမီး သုံးသောင်းကျော် ကို မိသားစု စီမံခန့်ခွဲရေးနှင့် ပတ်သက်သည့် အတွေးအမြင် သစ်များ ရရှိရေး စသည့် လုပ်ငန်းစဉ်များတွင် ငွေကြေးနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များ ပံ့ပိုးမည်ဟု ယူကေ သံရုံးက သတင်း ထုတ်ပြန်ထားသည်။

7Day News

No comments:

Post a Comment