Latest News

Sunday, July 2, 2017

ပုသိမ်မြို့မှာ အပန်းဖြေလမ်းလျှောက်နေတဲ့ အမျိုးသားနဲ့အမျိုးသမီး ရွှေထည်ပစ္စည်းများ လုယက်ခံရ

ပုသိမ်မြို့မှာ အပန်းဖြေလမ်းလျှောက်နေတဲ့ အမျိုးသားနဲ့အမျိုးသမီး ရွှေထည်ပစ္စည်းများ လုယက်ခံရ

ရန်ကုန်၊ ဇူလိုင်၂။ .   ။ ဇူလိုင်လ ၁ရက်နေ့ ည၇နာရီခန့်က ပုသိမ်မြို့၊န်သာယာပန်းခြံမှာ အပန်းဖြေလမ်းလျောက်နေတဲ့ အမျိုးသားနဲ့အမျိုးသမီးထံက ဆွဲကြိုးနဲ့နားကပ် ဓားထောက်လုယက်သွားတဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိတယ်လို့သိရပါတယ်။

“ ကန်သာယာပန်းခြံက ညနေပိုင်းဆို လမ်းလျောက်သူတွေ၊ အတွဲတွေရှိကြတယ်။ လမ်းလျောက်နေတဲ့ အမျိုးသားနဲ့အမျိုးသမီးထံက ဓားထောက်ပြီးရွှေထည်ပစ္စည်းလုယက်သွားတာကိုသိရတယ်။ အဲ့သည်အချိန်မှာပဲ လုယက်သွားသူနှစ်ဦးကိုလိုက်ပြီး ဖမ်းဆီးတဲ့အခါမှာ လုယက်သွားတဲ့ ရွှေဆွဲကြိုးနှစ်ကုံး၊ နားကပ်၊ ဖုန်းကိုပြန်လည်ရရှိခဲ့ပါတယ်။”လို့ ပုသိမ်မြို့မရဲစခန်းက ရဲအရာရှိတစ်ဦးကပြောပါတယ်။

၇ လက်မခွဲခန့်ရှိတဲ့ ဓားနဲ့ထောက်ပြီးလုယက်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လုယက်ခံခဲ့ရတဲ့ ရွှေဆွဲကြိုးနှစ်ကုံး၊ နားကပ်၊ ဖုန်းဟာ ငွေကျပ် ၈သိန်းခန့်တန်ဖိုးရှိတယ်လို့သိရပါတယ်။

ဓားထောက်ပြီးလုယက်သွားခဲ့တဲ့ အမျိုးသားနှစ်ဦးဟာ ပုသိမ်မြို့မှာနေထိုင်တဲ့ ကိုမြတ်သူစိုးမြင့် အသက် ၂၇ နှစ်နဲ့ ကိုကောင်းဝင်းထွန်း အသက် ၂၄ နှစ်ဖြစ် ပါတယ်။  ကိုမြတ်သူစိုးမြင့်နဲ့ ကိုကောင်းဝင်းထွန်းတို့ကို ပုသိမ်မြို့မရဲစခန်းက (ပ)၂၇၆/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄နဲ့ အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။

နှင်းနှင်း(Kumudra)

No comments:

Post a Comment