Latest News

Sunday, July 2, 2017

ပုဇွန်တောင်မြို့နယ်တွင် သုံးလေးလ အရွယ်ခန့် သန္ဓေသားလောင်း စွန့်ပစ်

ပုဇွန်တောင်မြို့နယ်တွင် သုံးလေးလ အရွယ်ခန့် သန္ဓေသားလောင်း စွန့်ပစ်

ရန်ကုန်၊ ဇူလိုင် ၁

ပုဇွန်တောင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ယုဇနလမ်းမပေါ်တွင် ဇွန်လ ၃၀ ရက် နံနက် ၁၀ နာရီခွဲခန့်က သုံးလေးလ အရွယ်ခန့်ရှိ သန္ဓေသားလောင်း စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းသန္ဓေသားလောင်း စွန့်ပစ်ထားသည်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက သိရှိပြီး ရဲစခန်းသို့ အကြောင်းကြား စစ်ဆေးကြည့်ရှုပြီး ယုဇနလမ်းမပေါ်တွင် သုံးလေးလ အရွယ်ခန့်ရှိ သန္ဓေသားလောင်း စွန့်ပစ်ခံထားရသည်ကို တွေ့ရှိရသဖြင့် ယင်းရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ကာ စွန့်ပစ်သူကို အမှုဖွင့် အရေးယူပေးရန် တိုင်ထားခြင်း ဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“စွန့်ပစ်ခံထားရတာက သန္ဓေတည်ခါစပဲ ရှိသေးတာ၊ ကိုယ်ဝန်ဖျက်ချလိုက်တဲ့ သဘောပဲ၊ အဲဒါကြောင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တွေရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့တွေရော သွားစစ်ဆေးခဲ့တာ၊ သန္ဓေသားလောင်းလေးပဲ ဆိုတော့” ဟု ယင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းသန္ဓေသားလောင်း စွန့်ပစ်ခံရမှုနှင့် ပတ်သက်၍ ပုဇွန်တောင် မြို့မရဲစခန်း က (ပ) ၁၅၃/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၁၈ ဖြင့် အမှုဖွင့်ထားပြီး အမှုနှင့် ပတ်သက်သော စစ်ဆေးမှုများ ပြုလုပ်ကာ စွန့်ပစ်သွားသူကို ဖမ်းဆီးရရှိနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိသည်။

The Voice

No comments:

Post a Comment