Latest News

Saturday, July 1, 2017

မအူပင်ခရိုင်မှ လယ်ယာမြေသိမ်းဆည်းမှုများနှင့် ပတ်သက်၍ လယ်သမားများ သတင်းစာရှင်းလင်းပွဲပြုလုပ်

မအူပင်ခရိုင်မှ လယ်ယာမြေသိမ်းဆည်းမှုများနှင့် ပတ်သက်၍ လယ်သမားများ သတင်းစာရှင်းလင်းပွဲပြုလုပ်

ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်​ခရိုင်​အတွင်းမှ လယ်ယာမြေသိမ်းဆည်းခံရမှုများအတွက် လယ်ယာမြေသိမ်း ဆည်းခံခဲ့ရတဲ့​ ဒေသခံ​လယ်သမားများက ညောင်တုန်းမြို့၊ ကဇန်း​ကျေးရွာရှိ မြဗိမာန်ဘုန်းတော်ကြီးကျောင်း တိုက်​၌ ဇွန် ၂၉ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်​ခဲ့​ကြောင်း သိရှိရသည်​။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဧရာဝတီတိုင်းဒေသကြီး ​တောင်​သူလယ်​သမားသမဂ္ဂက ဦး​ဆောင်​ကျင်းပခဲ့ ခြင်းဖြစ်​ပြီး မအူပင်​ခရိုင်​အတွင်း​မှ လယ်ယာမြေသိမ်းဆည်းခံ​လယ်သမား(၁၅၀)ခန့်​ တက်ရောက်​ခဲ့ကြောင်း သိရသည်​။

“ကျွန်​​တော်​တို့​ တောင်​သူလယ်​သမား​တွေက အားရတယ်​လို့​တော့ မ​ပြောလိုဘူး။ အားနည်းချက်​​တွေရှိ​နေတုန်း ပဲ​။ ပြောရဲဆိုရဲဖို့ သတ္တိလို​နေတုန်းပဲ။ အ​ကြောက်​တရား​တွေ မကင်းကြ​သေးဘူး။ အ​ကြောင်းတရားကို အမှန်အ တိုင်း​ပြောပါ။ အဲဒါမှ ကျွန်​​တော်​တို့က ကူညီဆောင်​ရွက်​​ပေးလို့ရမှာ၊ မတရားသိမ်းဆည်းတာ အမှန်အတိုင်းပြော ပါ။ နစ်​နာ​ကြေးမရရင်​ မရဘူး၊ သတ္တိရှိရှိ​ပြောပါ။”ဟု​ ရေလုပ်​ငန်းနှင့်​​ တောင်​သူလယ်​သမားသမဂ္ဂဥက္ကဌ ဦးမျိုးချစ် ကပြောသည်​။

မအူပင်​ခရိုင်​တွင်​ လယ်ယာမြေသိမ်းဆည်းခံ​ တောင်​သူ လယ်​သမားစုစု​ပေါင်း(၂၅၂)ဦးရှိပြီး ဧက(၂၀၀၀)ကျော်​ကို ဘဝသစ်​ကုမ္ပဏီ၊ ဗဟိုစစ်​မှုထမ်းဟောင်း၊ ရဲချုပ်​ဌာန၊ ပင်​လုံရတနာကုမ္ပဏီတို့က သိမ်းဆည်းထားကြောင်း သိရသည်​။

“ငါးကန်​တူးဖို့ စီမံကိန်းရှိ​ကြောင်း ပြောတာနဲ့ ကျွန်​​တော်​တို့မှာ ခုထိစွန့်​လွှတ်​ခဲ့ရပါတယ်​။ ဒါပေမဲ့ လွန်​ခဲ့တဲ့(၆)နှစ်​တည်းက ဒီ​နေ့အထိ ငါးကန်မတူးဘဲ လယ်ယာမြေတွေကိုပဲ အငှားချထားတာ​တွေ့ရပါတယ်​။ ဒါကြောင့်​ နစ်​နာ​ကြေးဖြစ်​ဖြစ်​​၊ သိမ်းထားတဲ့လယ်မြေတွေပဲဖြစ်​ဖြစ်​ ပြန်​​ပေးဖို့​တောင်းဆိုပါတယ်​“ဟု လယ်သိမ်းခံထားရသူ ဦး သောင်းမြကပြောသည်​။

ဧရာဝတီတိုင်း​​ဒေသကြီးအတွင်း ခရိုင်​အလိုက်​ လယ်​သမား​တွေ့ဆုံ​ဆွေး​နွေးပွဲ​များကို​ တောင်သူလယ်သမားသ မဂ္ဂက အပါတ်စဉ်​ပြုလုပ်​သွားမည်ဖြစ်ကြောင်း သိရသည်​။

မျိုးမင်းထွန်း (မြစ်မခ)

No comments:

Post a Comment