Latest News

Wednesday, July 12, 2017

ဘဏ္ဍာနှစ်သုံးလအတွင်းဆန်တန်ချိန်ခြောက်သိန်းကျော် ပြည်ပတင်ပို့

ဘဏ္ဍာနှစ်သုံးလအတွင်းဆန်တန်ချိန်ခြောက်သိန်းကျော် ပြည်ပတင်ပို


ယခုဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ဆန်တင်ပို့မှု တန်ချိန် ခြောက်သိန်းခွဲခန့်ရှိပြီး ယခင်နှစ် ကာလတူထက် တန်ချိန်နှစ်သိန်း ပိုမိုတင်ပို့နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။

ကမ္ဘာ့ဆန်ဈေးမြင့်တက်မှု ကြောင့် သီရိလင်္ကာ၊ အာဖရိက နိုင်ငံများအပါအဝင် ပင်လယ်ရေ ကြောင်းမှ ဆန်ဝယ်ယူမှုမြင့်တက် လာခြင်းကြောင့် ပြည်ပတင်ပို့မှု တိုးမြှင့်လာကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။

‘‘ပြည်ပတင်ပို့မှု သင်္ဘော တွေလည်းရှိနေတယ်။ မြန်မာ့ဆန် ဈေးကလည်းသက်သာတော့ မြန် မာ့ဆန်က အဝယ်ပိုများတယ်’’ ဟု ဒေါက်တာစိုးထွန်းကပြောသည်။

ထိုကဲ့သို့ ပြည်ပဆန်တင်ပို့ မှု မြင့်တက်လာခြင်းကြောင့် ပြည် တွင်းဈေးကွက်၌ ဆန်ကြမ်း ဈေး နှုန်းသည် တစ်အိတ်လျှင် ကျပ် ၁,၅၀၀ ခန့်ဈေးနှုန်းမြင့်တက်လာ ကြောင်း ပြည်ပသို့ဆန်တင်ပို့နေ သည့် ဆန်ကုန်သည်ဦးမျိုးသူရ
အေးကပြောသည်။

ပြည်တွင်းလက်ကျန်နည်း ပြီး ပြည်ပတင်ပို့ရန် ကုန်သည် များ၏ ဝယ်လိုအားမြင့်လာခြင်း ကြောင့် ပြည်တွင်းဆန်ကြမ်းဈေး မြင့်တက်လာကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ ကုန်သည်အ ချို့ကပြောသည်။

ထို့အပြင် အစိုးရချင်း သ ဘောတူညီမှုဖြင့် တရုတ်နိုင်ငံသို့ တရားဝင် ဆန်တန်ချိန် နှစ်သိန်း ရောင်းချရန် ညှိနှိုင်းနေကြောင်း ဒေါက်တာစိုးထွန်းကပြောသည်။

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သိန်းကို ပင်လယ်ရေကြောင်းဖြင့် တင်ပို့ရောင်းချပြီးကျန်ဆန်တန်ချိန် တစ်သိန်းကို နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် ရောင်းချရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူများနှင့် တရုတ်သံရုံးနှင့် တာဝန်ရှိသူများ ညှိနှိုင်းနေကြောင်း ၎င်းကဆို သည်။
7Day News

No comments:

Post a Comment