Latest News

Wednesday, July 12, 2017

အင်းတော်ကြီးကန်တွင် ကြိုးကြာခေါင်းနီငှက်သိုက် ငါးခုတွေ့ရှိ

အင်းတော်ကြီးကန်တွင် ကြိုးကြာခေါင်းနီငှက်သိုက် ငါးခုတွေ့ရှိ

၂၃ ကောင်ခန့်သာကျန်ရှိ သည့် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ကြိုးကြာခေါင်းနီငှက်သိုက် ငါးခု ကို အင်းတော်ကြီးကန်တွင် တွေ့ ရှိကြောင်း နိုင်ငံတကာပန်းမန်ထိန်းသိမ်းရေးအဖွဲ့ FFI က သတင်းထုတ်ပြန်သည်။

အဆိုပါအဖွဲ့သည် ဒေသခံ များ၏ အကူအညီဖြင့် ကြိုးကြာ ခေါင်းနီအသိုက်ရှာဖွေခြင်းကို ၂၀၁၆ က စတင်ဆောင်ရွက်ခဲ့ရာ တစ်နှစ်ခန့် ကြာမြင့်ပြီး ယခုနှစ် ဇွန်လတွင် လုံတုံကျေးရွာအ နောက်ဘက် မြက်ခင်းပြင်၌ပထမဆုံးတွေ့ရှိရခြင်းဖြစ်သည်။

‘‘တောရိုင်းတိရစ္ဆာန်ထိန်း သိမ်းရေးလုပ်ငန်းမှာ သူတို့သား ပေါက်ဖွားရာနေရာတွေသိရှိဖို့ အ လွန်အရေးကြီးပါတယ်။ သား ပေါက်ဖွားရာနေရာတွေ မထိန်း သိမ်းနိုင်ရင် အကောင်ရေ လျင် မြန်စွာလျော့နည်းပြီး မျိုးသုဉ်း ပျောက်ကွယ်သွားနိုင်ပါတယ်’’ဟု အင်းတော်ကြီး ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြောသည်။

ကြိုးကြာများ အသိုက်ပြု လုပ်သည့် အဆိုပါဒေသကို ထိန်း သိမ်းရေးဒေသခံများအား အသိပညာပေးစည်းရုံးမှုများ ပြုလုပ်မည်ဖြစ်ပြီး ကြိုးကြာခေါင်းနီများ သားပေါက်ဖွားနှုန်းမြှင့်တင်ရန် ဂေဟဗေဒစနစ် လေ့လာနိုင်ရေးလုပ်ငန်းများဆောင်ရွက်မည်ဟု ဦး မောင်ဝင်းက ပြောသည်။

အင်းတော်ကြီးဒေသသည် ကြိုးကြာခေါင်းနီများ တစ်နှစ်ပတ် လုံးကျက်စားရာဒေသဖြစ်သော် လည်း အသိုက်ပြုလုပ်မှု မတွေ့ရကြောင်း၊ အသိုက်ပြုလုပ်ခြင်းများကို ပထမဆုံးအကြိမ်တွေ့ရှိရခြင်းကြောင့် ယင်းဒေသကို ကြိုးကြာခေါင်းနီပေါက်ဖွားရာဒေသအဖြစ် သတ်မှတ်ကြောင်း FFIက သတင်းထုတ်ပြန်ထားသည်။ ကြိုးကြာခေါင်းနီငှက်မျိုးစိတ်များ သည် ကမ္ဘာတွင်မျိုးသုဉ်းပျောက်ကွယ်လုနီးအန္တရာယ်နှင့် ရင်ဆိုင်နေရသော ငှက်မျိုးစိတ်ဖြစ်ပြီးမြန်မာနိုင်ငံ၌ ကချင်၊ရခိုင်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တွေ့ရှိရသည်။

ကချင်ပြည်နယ်တွင် အင်း တော်ကြီးကန်၌သာ ကျက်စားပြီး ယင်းဒေသအတွင်း ၂၀၁၄နောက်ဆုံးကောက်ယူချက်အရ အများဆုံး အကောင်ရေ၂၃ ကောင်ခန့်သာ ရှိတော့သည်။
7Day News

No comments:

Post a Comment