ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအသစ်အား ရက်ပေါင်း ၁၂ဝ ရပ်ဆိုင်းလိုက်သော်လည်းမြန်မာအလုပ်သမားဦးရေထောင်နှင့်ချီ ပြန်လာနေဆဲဖြစ်ဟု သိရ
မြဝတီ ဇူလိုင် ၁
ထိုင်းအစိုးရ၏ အလုပ်သမားဆိုင်ရာ ဥပဒေသစ်ကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်နေကြသည့် အထောက်အထားမပြည့်စုံသည့် မြန်မာ အလုပ်သမားများနှင့် အထောက်အထား လုံးဝမရှိသည့် မြန်မာအလုပ်သမားများ အား ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးလျက်ရှိ သည့်အတွက် ဇွန် ၂၉ ရက် နံနက်ပိုင်းမှ စပြီး မြန်မာအလုပ်သမားများ မြဝတီမြို့ ၉၉၉ ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူဦး ရေထောင်နှင့်ချီပြီး ပြန်လာနေဆဲဖြစ် ကြောင်း သိရသည်။
ထိုသို့ ပြန်လာလျက်ရှိရာတွင် ဇွန် ၂၉ ရက်က ၃၁၆၇ ဦး၊ ဇွန် ၃ဝ ရက်က ၄ဝ၆၇ ဦး စုစုပေါင်း ၇၂၃၄ ဦးအထိ ရှိခဲ့ ကြောင်း သိရပြီး ထိုသို့ မြန်မာအလုပ် သမားများ အများအပြားနေရပ်ပြန်နေ ခြင်းကြောင့် ထိုင်းနိုင်ငံတွင် ဇွန် ၂၂ရက်က စတင်အသက်ဝင်ပြီး ယခုလက်ရှိ ကျင့်သုံး လျက်ရှိသည့် နိုင်ငံခြားသား အလုပ် သမားများ စီမံခန့်ခွဲရေးဥပဒေ ကျင့်သုံး ခြင်းကို ထိုင်းနိုင်ငံဝန်ကြီးချုပ်က ရက် ပေါင်း ၁၂ဝ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေကျင့်သုံးခြင်းကို ရက်ပေါင်း ၁၂ဝ ရပ်ဆိုင်းလိုက်သော်လည်း မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နေဆဲဖြစ်ပြီး ဇွန် ၂၉ ရက်မှ ဇူလိုင် ၁ ရက်အထိ ပြန်လာသူ ဦးရေမှာ အမျိုးသား ၇ဝဝဝ ၊ အမျိုးသမီး ၅၃၇၇ ဦး စုစုပေါင်း ၁၂၃၇၇ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ မြန်မာအလုပ်သမားများ ပြန်လည် ဝင်ရောက်လာရာတွင် ဇွန် ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် မြဝတီမြို့ ၉၉၉ ဂိတ်မှ သာ ဝင်ရောက်ခဲ့သော်လည်း ဇူလိုင် ၁ ရက်တွင် နှစ်နိုင်ငံတာဝန်ရှိသူများ အလွှဲ အပြောင်းဖြင့် ချစ်ကြည်ရေးတံတား မှ အမျိုးသား ၁၇၉ ဦး၊ အမျိုးသမီး ၄၉ ဦး စုစုပေါင်း ၂၂၈ ဦးကို မြန်မာဘက်မှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းနှင့် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင် ထွန်း၊ နယ်မြေခံတပ်မှ ဗိုလ်မှူး အောင်ကိုဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့နေရပ်ပြန်ရန် အခက်အခဲ ရှိသူများအား ဆောင်ရွက်ပေးလျက်ရှိရာ တွင် မြန်မာနိုင်ငံ Rescue လူမှု ကယ်ဆယ်ရေးအဖွဲ့ချုပ်(မြဝတီ)မှတာဝန် ရှိသူများ ပူးပေါင်းပြီး မော်တော်ယာဉ်များ ဖြင့် နေအိမ်အရောက် ပြန်လည်ပို့ဆောင် ပေးလျက်ရှိ၍ အုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင် ရွက်ပေးခြင်းနှင့် တည်းခိုလိုသူများအား နေထိုင်၊ စားသောက်ရေးစီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
ထိန်လင်းအောင်(ပြန်/ဆက်)
Saturday, July 1, 2017
ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအသစ်အား ရက်ပေါင်း ၁၂ဝ ရပ်ဆိုင်းလိုက်သော်လည်းမြန်မာအလုပ်သမားဦးရေထောင်နှင့်ချီ ပြန်လာနေဆဲဖြစ်ဟု သိရ
ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအသစ်အား ရက်ပေါင်း ၁၂ဝ ရပ်ဆိုင်းလိုက်သော်လည်းမြန်မာအလုပ်သမားဦးရေထောင်နှင့်ချီ ပြန်လာနေဆဲဖြစ်ဟု သိရ
Reviewed by Ar Ti
on
6:32 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment