Latest News

Saturday, July 1, 2017

မောင်တောခရိုင်အတွင်း ကျောင်းပေါင်း ၁၂ ကျောင်းအဆင့်မြှင့်တင်

မောင်တောခရိုင်အတွင်း ကျောင်းပေါင်း ၁၂ ကျောင်းအဆင့်မြှင့်တင်

မောင်တော    ဇူလိုင်    ၁

မောင်တောခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင်   ကျောင်းပေါင်း  ၁၂ ကျောင်းကို     အဆင့်မြှင့်တင်ပေးနိုင်ခဲ့ ကြောင်း      သိရသည်။

'' ကျောင်းတွေမှာ ကျောင်းသား  အရေအတွက်များပြား လာတာနဲ့အမျှ    ကျောင်းတွေကိုလည်း  အဆင့်မြှင့်တင်ပေး ရပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ မောင်တောခရိုင်မှာ ကျောင်းပေါင်း  ၁၂ ကျောင်းကို  အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။   ဒီလို အဆင့်မြှင့်တင်ပေးလိုက်တဲ့အတွက် ဒေသအတွင်း    ပညာရေးဖွံ့ဖြိုးတိုးတက် ရေးကလည်း      အားကောင်းလာမှာ   ဖြစ်ပါတယ်''ဟု          ခရိုင်ပညာရေးမှူး ဦးအုန်းမြင့်က    ပြောသည်။

၂ဝ၁၇-၂ဝ၁၈ပညာသင်နှစ်အတွင်းမောင်တောမြို့နယ်တွင်            အမကမှ မူလတန်းလွန်တစ်ကျောင်း၊ အထက(ခွဲ)မှ     အထကအဖြစ်သို့     တစ်ကျောင်း၊  စုစုပေါင်း     ကျောင်းနှစ်ကျောင်းအဆင့် မြှင့်တင်ပေးနိုင်ခဲ့သည်။

အလားတူ    ဘူးသီးတောင်မြို့နယ် တွင် ကိုယ့်အားကိုယ်ကိုး အမကမှ အမက (ခွဲ)အဖြစ်သို့      နှစ်ကျောင်း၊  အမက (ခွဲ)မှ   အမကအဖြစ်သို့   တစ်ကျောင်း၊  အမကမှ မူလတန်းလွန်အဖြစ်သို့ တစ် ကျောင်း၊ မူလတန်းလွန်မ   အလက(ခွဲ) အဖြစ်သို့ နှစ်ကျောင်း၊   အလက(ခွဲ)မှ    အလကသို့ နှစ်ကျောင်း၊  အထက(ခွဲ)မှ   အထက    အဖြစ်သို့    နှစ်ကျောင်း၊     စုစုပေါင်း    ဘူးသီးတောင်မြို့နယ်တွင်  ကျောင်းပေါင်း ၁ဝ ကျောင်း   အဆင့်မြှင့် တင်ပေးနိုင်ခဲ့သည်။

ခရိုင်ချုပ်   တစ်ခရိုင်လုံးအနေဖြင့် မူလတန်းကျောင်းခွဲမှ         နှစ်ကျောင်း၊ အမက   တစ်ကျောင်း၊     မူလတန်းလွန် နှစ်ကျောင်း၊    အလက (ခွဲ)    နှစ်ကျောင်း၊ အလက   နှစ်ကျောင်း၊   အထက သုံး ကျောင်း စုစုပေါင်းကျောင်းပေါင်း ၁၂ ကျောင်း                အဆင့်မြှင့်တင်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
သတင်း-မြင့်မောင်စိုး၊အောင်ကျော်ဦး ၊ ဓာတ်ပုံ-သက္က(မြန်မာ့အလင်း)

No comments:

Post a Comment