ကိယက်ဗ် ဇူလိုင် ၁
ယူကရိန်းကို တိုက်ခိုက်ခဲ့သည့် မကြာသေးမီက ဖြစ်ပွားခဲ့သော ဆိုက်ဘာတိုက်ခိုက်မှုများတွင် ရုရှား လုံခြုံရေးအေဂျင်စီများ ပါဝင်နိုင်ခဲ့ ကြောင်း ယူကရိန်းက ဇူလိုင် ၁ ရက်က ပြောခဲ့သည်။
ယူကရိန်းတွင် စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာအနှံ့ ပျံ့နှံ့ခဲ့သည့် ဆိုက်ဘာ တိုက်ခိုက်မှုများသည် ယူကရိန်းတွင် လွန်ခဲ့သည့် ၂ဝ၁၆ ခုနှစ်က ဖြစ်ပွားခဲ့ သည့် ဗဟိုဓာတ်အားလိုင်းကို တိုက်ခိုက် ခဲ့သည့် ဟက်ကာများဖြစ်ကြောင်း ယူကရိန်း ဗဟိုစုံစမ်းထောက်လှမ်းရေး အေဂျင်စီက ပြောခဲ့သည်။
ယူကရိန်း နိုင်ငံရေးသမားများက အင်္ဂါနေ့က ဆိုက်ဘာတိုက်ခိုက်ခံရခြင်း နှင့် ပတ်သက်ပြီး ရုရှားကို ပြစ်တင်ဝေဖန် မှုများပြုလုပ်ခဲ့သော်လည်း ကရင်မလင်း ပြောရေးဆိုခွင့်ရှိသူက အခြေအမြစ်မရှိ သည့် စွပ်စွဲချက်များဖြစ်ကြောင်း ပြောခဲ့ သည်။
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကုမ္ပဏီ များမှ ပညာရှင်များက သင်္ဘောဆိပ် ကမ်းပေါင်းမြောက်မြားစွာကို နှောင့်ယှက် ခဲ့ပြီး သြစတြေးလျရှိ ချောကလက် စက်ရုံပိတ်ခဲ့ရကာ ဘဏ်များအပါအဝင် နိုင်ငံပေါင်း ၆ဝ ကျော်တွင် ဆိုးကျိုးများ ဖြစ်ပွားခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှု နောက်ကွယ်က မည်သူဖြစ်မလဲ ဆိုသည် ကို ကြိုးစားရှာဖွေနေကြောင်း သိရ သည်။
အပြည်ပြည်ဆိုင်ရာ ဗိုင်းရပ်စ်ကာကွယ်ရေးကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်မှုမှ ရရှိလာသော အချက် အလက်များအရ ယခုတိုက်ခိုက်ခံရမှု သည် လွန်ခဲ့သောနှစ် ဒီဇင်ဘာ ၂ဝ၁၆ ခုနှစ်က ဘဏ္ဍာရေးဆိုင်ရာစနစ်များကို နှောင့်ယှက်မှုပြုသွားသည့် ဟက်ကာ သမားများဖြစ်နိုင်ကြောင်း ယူကရိန်းဗဟို စုံစမ်းထောက်လှမ်းရေး အေဂျင်စီက ပြောခဲ့သည်။ ထို့အပြင် ရရှိလာသော အချက်အလက်များအရ ယခုဖြစ်ပွား ခဲ့သော ဆိုက်ဘာတိုက်ခိုက်ခံရမှုတွင် ရုရှားလုံခြုံရေး အေဂျင်စီများလည်း ပါဝင်ခဲ့ကြောင်း အဆိုပါ အေဂျင်စီက ဆက်လက်ပြောကြားခဲ့သည်။ (မြန်မာ့အလင်း)
No comments:
Post a Comment