Latest News

Wednesday, July 12, 2017

ဇူလိုင် ၇ ရက် ဝမ်းနည်းမှတ်တမ်း

ဇူလိုင် ၇ ရက် ဝမ်းနည်းမှတ်တမ်း

လူ ၁၀ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့သော ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် YBS ၅၅ ယာဉ်၏ ခေါင်းပိုင်းနှင့် ကယ်ဆယ်ရေးလုပ်ကိုင်နေသူများ ဓာတ်ပုံ− ပြန်ကြားရေးဌာန(FFSS)/ ပုလဲအရန်မီးသတ်တပ်ဖွဲ့
‘ဒုတ်...ဒုတ်...ဒုတ်...ဒုတ်’

မခင်ပွင့်ဖြူ၏ ခန္ဓာကိုယ်ထည့်ထား သော အခေါင်းကို အလုံပိတ်ရန် ရိုက်နှက်သည့် သံရိုက်သံတစ်ချက် ထွက်ပေါ်တိုင်း မိခင်ဖြစ်သူ၏ ရှိုက်သံကိုပါ ကြားနေရသည်။ အ ခေါင်းရိုက်သံနှင့်ရှိုက်သံသည် ပန်း ခြင်းများမှ နှင်းဆီပန်းရနံ့သင်းသင်း ထုံထုံအကြား ပျံ့နှံ့လွင့်နေပြီး မြင် ရသူအပေါင်းကို မျက်ရည်ဝဲစေ သည်။

အစွမ်းကုန်ပွင့်ဖူးရန် တာစူ နေသော ပန်းကောင်းတစ်ပွင့်သည် နှင်းဆီးပန်းများနှင့်အတူ ဂူသွင်း သဂြုင်္ိဟ်ခံလိုက်ရပြီဖြစ်သည်။

မခင်ပွင့်ဖြူသည် ဇူလိုင် ၇ ရက်က မင်္ဂလာဒုံမြို့နယ် ရန်ကုန်- ပြည်လမ်းမကြီးရွှေညောင်ပင်ဘိုး ဘိုးကြီးနတ်နန်းဟောင်းအရှေ့ တွင် ဖြစ်ပွားသည့် YBS (၃၇) နှင့် (၅၅) ယာဉ်တိုက်မှုကြောင့် သေဆုံး သူ ၁၀ ဦးထဲတွင်ပါဝင်ခဲ့သူဖြစ် သည်။ မှော်ဘီနည်းပညာ တက္က သိုလ်တွင်သုတနည်းပညာ B.E (IT)ပဉ္စမနှစ်တက်ရင်း အိမ်အပြန် တွင်  ယင်းယာဉ်တိုက်မှုကြောင့် နေရာ၌ပင် သေဆုံးခဲ့သူဖြစ်သည်။

ယင်း ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့သည့် မခင်ပွင့်ဖြူ (၂၁)နှစ် ၊ ကိုကျော်သူ(၃၀) နှစ်၊ ဒေါ်ချိုချိုသန်း (၄၁) နှစ်တို့ကို  ဇူလိုင် ၉ ရက်က ရှေ့ဆင့်နောက်ဆင့်ဆိုသလို သဂြုင်္ိဟ်ခဲ့ကြသည်။ ၎င်းတို့သုံးယောက်စလုံးမှာ မိသားစု၏ အနာဂတ်အတွက် အား ကိုးရာမျှော်လင့်ချက်များဖြစ်နေသည်။

မခင်ပွင့်ဖြူသည် ကျောင်းပ ညာတွင် ထူးချွန်သူတစ်ဦးဖြစ်သ လို အားကစားတွင်လည်း ထူးချွန် သူဖြစ်သည်။ စစ်တုရင်ပြိုင်ပွဲများ ၌ပါဝင်ယှဉ်ပြိုင်လေ့ရှိပြီးကျောင်း ပွဲတော်များတွင် စန္ဒာရားတီးတတ် သူတစ်ဦးဖြစ်ကြောင်း ၎င်း၏
ဆ ရာမများက မခင်ပွင့်ဖြူ၏ဈာပန ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်၌ ပြောကြားသည်။

မခင်ပွင့်ဖြူသည် တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးတစ်ဘာသာဖြင့်အောင်မြင်ခဲ့သူဖြစ်သည်။ မှော်ဘီနည်းပညာတက္ကသိုလ်နှင့်ညနေ ၅ နာရီတွင်အတန်းတက်ရသည့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တို့ကို ပြိုင်တူတက်ရောက်
သင်ကြားပြီး ဓမ္မတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိထားပြီးဖြစ်သည်။

မှော်ဘီနည်းပညာတက္ကသိုလ် တွင်လည်း B.Teach (IT) ပြီးဆုံး သဖြင့် B.E တန်းသို့ ဆက်လက် တက်ရောက်သင်ကြားနေသူဖြစ် သည်။ ဂျပန်ဘာသာနှင့်အင်္ဂလိပ် ဘာသာကို လေ့လာနေသည်မှာ အဆင့်မြင့်သို့ ရောက်ရှိနေပြီဖြစ် ကြောင်း ၎င်း၏မိဘများနှင့်သူငယ် ချင်းများကပြောသည်။

‘‘ဒီ ၂၁ နှစ်အရွယ်ထိ ကျွန်မ တို့ပေးဆပ်ခဲ့တဲ့ချစ်ခြင်းမေတ္တာ တွေ၊ အချိန်တွေ၊ ငွေကြေးတွေဒါ တွေကပန်းကောင်းအညွန့်ချိုးခံရ တာ’’ ဟုမခင်ပွင့်ဖြူ၏ မိခင်ကယူ ကျုံးမရစွာ ပြောသည်။

‘‘ဖြူဖြူဖွေးဖွေး၊ လှလှပပ၊ ငယ်ငယ်ရွယ်ရွယ်၊ ပညာလည်း တတ်၊ အပေါင်းအသင်းတွေက လည်း ခင်ခင်မင်မင်၊ ဒီလိုသမီးဆုံး ရှုံးရတာ တွေးကြည့်တော့ဗျာ။ သမီးလေးက ကျောင်းမပြီးသေး ဘူး။ ဂျပန်ကုမ္ပဏီက အလုပ်လုပ်ဖို့ကမ်းလှမ်းထားပြီးသား။ ပြောစရာ ကိုမလိုပါဘူး။ ပါးစပ်ကနေမကျေ နပ်ချက်တွေထုတ်ပြောပစ်လိုက် ချင်တယ်။ ပြောရမှာလည်း အား လုံးအသိ။ ခက်တယ်။ ခက်တယ်။’’ ဟု မခင်ပွင့်ဖြူ၏ဖခင်ကပြောသည်။

မခင်ပွင့်ဖြူအတွက် ရေဝေး ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ် တော်ခန်းမတွင် ဝတ်ပြုဆုတောင်း ရာ လူပေါင်းတစ်ထောင်ကျော် တက်ရောက်ခဲ့သည်။ ယင်းမျှလူဦး ရေ များပြားခြင်းသည် ပထမဆုံး ရှားရှားပါးပါးဖြစ်စဉ်ဟု ခန်းမဆရာ နှင့် ဓမ္မဆရာများက ဈာပနဝတ်ပြု ကိုးကွယ်ခြင်း အစီအစဉ်သို့ တက် ရောက်လာသူများအား ပြောကြား သည်။

 ကျောင်းသားမိဘများက ယင်းကဲ့သို့ အဖြစ်ဆိုးကြီးများ ထပ်မံမဖြစ်ပွားရန် မျှော်လင့်နေကြ သည်။ တက္ကသိုလ်ဝင်တန်းတက် ရောက်နေသည့် သားတစ်ယောက် သာကျန်ရှိတော့သည့် မခင်ပွင့်ဖြူ ၏ မိဘများတော့ ကျောင်းသား သီးသန့်ယာဉ်လိုင်းပြေးဆွဲပေးရန် နှင့် ၎င်းတို့၏သားနှင့်တက္ကသိုလ် ကျောင်းသားများ ကျောင်းသွား၊ ကျောင်းပြန် အန္တရာယ်ကင်းစေရန် မျှော်လင့်နေသည်။

ရွှေတောင်ပြိုကျခဲ့သည့်မဟေမာ

ထိုသို့ မျှော်လင့်နေသူများထဲ တွင် မဟေမာလည်းတစ်ယောက် အပါအဝင်ဖြစ်သည်။ မဟေမာ ကတော့ ဝမ်းစာအတွက် နေ့စဉ် ဈေးရောင်း၊ ဈေးဝယ်လုပ်ကိုင်ရန် မှော်ဘီမြို့နယ်မှ အင်းစိန်ဈေးသို့ ဘတ်စ်ကားမစီးရဲသည့်အထိ ကြောက်ရွံ့စိတ်ထိခိုက်နေသည်။

ယာဉ်တိုက်မှုဖြစ်ပွားမည့် ဇူလိုင် ၇ ရက်မွန်းတည့် ၁၂ နာရီ အထိ ၎င်း၏ခင်ပွန်းသည်နှင့်အင်း စိန်ဈေးတွင် ပျော်ပျော်ရွှင်ရွှင်ဈေး ရောင်းခဲ့သော်လည်း ခင်ပွန်းသည် အိပ်ချင်သည်ဟု ဆိုကာမှော်ဘီ မြို့ နယ်ရှိ အိမ်သို့ပြန်သွားပြီးနောက် ထိုညနေတွင်ပင် ခင်ပွန်းသည်၏ ရုပ်အလောင်းကို တွေ့လိုက်ရပြီး အသက်ပင်မ မီလိုက်ရသည့် အခြေ အနေမှာ သူ့အတွက်မယုံကြည် နိုင်လောက်အောင် ကြေကွဲဝမ်း နည်းခဲ့ရသည်။

 ‘‘ခင်ပွန်းသည်ဆေးရုံတွင် ကျွန်တော်အညာသားပါဟု တွင် တွင်အော်ကာ အသက်ဆုံးရှုံးခဲ့ သည်ဟု တစ်ဆင့်ပြန်ကြားသိရပြီး လူနာအားလုံးတွင် သူ့တစ်ယောက် သာ လူနာရှင်မရှိသည့် အဖြစ်မျိုး ဖြစ်ခဲ့ရသဖြင့် မကွယ်လွန်မီမည်မျှ အားငယ်ရှာမည်နည်းဟု တွေး မိပြီး ဖြေမဆည်နိုင်လောက်အောင်ဝမ်း နည်းရသည်ဟု မဟေမာကပြော သည်။

(၃၇) ယာဉ်လိုင်းတွင် စီးနင်း ရင်းယာဉ်တိုက်မှုကြောင့်သေဆုံး ရသည့် မဟေမာ၏ခင်ပွန်းဦး ကျော်သူသည် အဆိုပါယာဉ်လိုင်း ကို ကြိုက်နှစ်သက်လွန်းသူဟု မဟေမာကဆိုသည်။ ‘‘သူကအဲ ကွန်းလေးပါတာကြိုက်တယ်။ ပိုက်ဆံကတ်နဲ့ဖြတ်ပေးရတာ ကြိုက်တယ်။ စပယ်ယာမပါတာ ကြိုက်တယ်။ အဲဒီကားပေါ်က တည်းကအဲဒီကားပဲစီးတာ’’ ဟု ပြောသည်။

တစ်အိမ်လုံးသည်အမှတ် (၄၁) ယာဉ်စီးသူဖြစ်သော်လည်း  ကိုကျော်သူသည် (၃၇) ယာဉ်လိုင်း ပရိသတ်ဖြစ်သည်။ သို့တိုင်ယာဉ် တိုက်မှုဖြစ်စဉ်တွင် ယာဉ်လိုင်း (၃၇) ၏မှားယွင်းမှုကြောင့် မဟုတ်ဟူသည့် သတင်းများကြောင့် မဟေ မာက ယာဉ်လိုင်းအားလုံးကို ၃၇ကဲ့သို့ စပယ်ယာမပါသော၊ ယာဉ်မောင်းကို လစာပေးသည့် ကားမျိုးသာရှိစေချင်သည်ဟု ပြောသည်။

  ‘‘ကျွန်မလက်မောင်းတစ် ဖက်ပြုတ်ထွက်သွားသလိုပဲ’’ဟု ခင်ပွန်းကို ဆုံးရှုံးလိုက်ရသူ အ သက် (၂၉)နှစ်အရွယ် မဟေမာက ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်ရပ် ဆိုးကြီးကြောင့် မိသားစုအတွက် အလွန်အားကိုးရသူများ သေဆုံး သွားရသည်။ အသက်မသေ သော်လည်း ခြေလက်ကျိုးကြေပြီး ပြန်လည်ကောင်းလာမည်လားဟု  မျှော်လင့်ချက်ဖြင့် အသက်ရှင်နေ ရသူများလည်း ရှိသည်။ ကြေကွဲ စရာဆုံးရှုံးမှုများက ဒီမှာတင်အ ဆုံးမသတ်နိုင်သေးပါ။

မိခင်ကွယ်လွန်၍ အားကိုးရာမဲ့ သွားသော မောင်နှမ

 ဆယ်ကျော်သက်အရွယ် မောင်နှမနှစ်ယောက်သည် ထို ယာဉ်တိုက်မှုကြောင့် မိဘမဲ့အဖြစ် အားကိုးရာမဲ့ခဲ့ပြီဖြစ်သည်။ လွန်ခဲ့ သည့် ၂ နှစ်ခန့်ကမှ ဖခင်ကို ဆုံး  ရှုံးထားရသော မောင်ချစ်စန်းဝေ နှင့် မကြည်ဖြိုးဝေတို့ မောင်နှမ သည် ယခုအခါ၎င်းတို့အား ပန်း ရောင်းရင်း စောင့်ရှောက်နေသည့် မိခင်ဖြစ်သူ အသက် (၄၁)နှစ်အ ရွယ် မချိုချိုသန်းကို ဆုံးရှုံးလိုက် ရပြန်လေပြီ။

မချိုချိုသန်းတစ်ယောက် ဝါ ဆိုလပြည့်နေ့တွင် ၎င်း၏နေအိမ် ၌ ဝါဆိုသင်္ကန်းကပ်ရန် မြေနီကုန်း ဈေးလမ်းရှိ ၎င်း၏ပန်းဆိုင်ကို စောစောသိမ်းပြီးအပြန် YBS (၅၅)ယာဉ်ကို စီးနင်းခဲ့ခြင်းက သူချစ် ရသော မိဘများ၊ သားသမီးများ နှင့် မိသားစုထံမှ အပြီးအပိုင်ထွက် ခွာသွားရဖို့ ဖြစ်လာခဲ့သည်။

မချိုချိုသန်း၏ ကျန်ရစ်သူ သားသမီးနှစ်ဦး၏ အသက် (၆၀) အရွယ် အဘွားဖြစ်သူ ဒေါ်တင်ဝေ က ‘‘သူ့ကြောင့်၊ ငါ့ကြောင့်ရယ် လို့ မဆိုလိုဘူး။ သူ့ရဲ့ အတိတ်ကံ ကပါလာပြီလေ။ အတိတ်ကံ ကြောင့် ဒီလိုအချိန်မှာ ဒီလိုဖြစ်မယ်ဆိုတော့ အဒေါ်ကြီးက ဖြေလို့ရ ပါတယ်’’ဟု ပြောကာ ငိုကြွေးလေ သည်။

ဇူလိုင် ၈ ရက် ဝါဆိုလပြည့် နေ့တွင် ပြုလုပ်မည့် ဝါဆိုသင်္ကန်း ကပ် အလှူအတွက် ဇူလိုင် ၇ ရက်၌ စိတ်အားထက်သန်စွာ ဈေးဝယ်ပြီးအပြန် အဖြစ်ဆိုးကြီးကြောင့် သေဆုံးခဲ့သဖြင့် ဒေါ်တင်ဝေက ဝါဆိုလပြည့်နေ့တွင် သင်္ကန်းကပ်အလှူကို မဖြစ်ဖြစ်အောင် လှူဒါန်းခဲ့သည်။

‘‘အမေတဲ့ သမီးဘုန်းကြီးပွဲဖို့ ပန်းသီးငါးလုံးဝယ်ထားတယ်။ တစ်လုံး ခုနစ်ရာပေးရတယ်။ သမီးရယ် များတယ်လို့ပြောတော့ ငါးလုံးအမေ၊ဘုရားလည်း သုံးလုံး ဆွမ်းတော်တင်မယ်။ နှစ်လုံးကို ဘုန်းကြီးဆွမ်းကပ်မယ်။ ထောက် ကြန့်မှာ ဆင်းပြီးတော့ နာနတ်သီး ရယ်၊ ကိတ်မုန့်ရယ် ဝယ်ဦးမယ်။ ပြီးရင် သမီးလည်း ခေါင်းလျှော် မယ်။ လိုတာလည်း ဝယ်ခဲ့မယ် အမေ’’ဟု မချိုချိုသန်းမဆုံးမီ နောက်ဆုံး ၎င်းထံ ဖုန်းဆက်ခဲ့ပုံကို ဒေါ်တင်ဝေက ကြေကွဲစွာ ပြော သည်။ မချိုချိုသန်းကို ဇူလိုင် ၉ ရက်က ထောက်ကြန့်မြိုရှောင်လမ်း သုသာန်တွင် ဂူသွင်းမြှုပ်နှံခဲ့သည်။

သေရာပါဒဏ်ရာများဖြင့် နည်း ပညာတက္ကသိုလ်ကျောင်းသား

ကိုနိုင်လင်းကျော်

ဖြစ်ရပ်ဆိုးတွင် နည်းပညာ တက္ကသိုလ် ကျောင်းသူ မခင်ပွင့် ဖြူအပြင် အသက် (၂၂)နှစ်အရွယ် ကျောင်းသား ကိုနိုင်လင်းကျော် လည်း ပါဝင်ခဲ့သည်။ သို့သော် ကိုနိုင်လင်းကျော်မှာ နှာခေါင်းရိုး ကျိုးခြင်း၊ မေးရိုးကွဲခြင်းနှင့် မျက် နှာတစ်ပြင်လုံးတွင် မှန်ကွဲများရှ ခြင်း ဒဏ်ရာများရရှိသော်လည်း ကံကောင်းစွာ အသက်မဆုံးရှုံးခဲ့ ပေ။

ကိုနိုင်လင်းကျော်သည် မှော် ဘီ နည်းပညာတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူခဲ့သည် မှာ ငါးနှစ်ရှိပြီး B.E (Civil) ဒုတိယ နှစ်ဝက်ကို တက်ရောက်ချိန်တွင် အဖြစ် ဆိုးနှင့်ကြုံရခြင်းဖြစ်သည်။ ပညာသင်သက်တမ်းငါးနှစ်တစ် လျှောက်တွင် ကျောင်းဖယ်ရီကို စီးခဲ့သော်လည်း ယခုနှစ်တွင်မူ ဖယ်ရီမစီးဘဲ လိုင်းကားစီး၍ မုန့်ဖိုး ပိုယူထားခြင်းဖြစ်ကြောင်း ၎င်း၏ အုပ်ထိန်းသူ အဒေါ် ဒေါ်ကြူကြူ ၀င်းက ပြောသည်။

 ကျောင်းသားများသည် ကျောင်းချိန်လစ်တတ်သည်များရှိ သလို စာသင်ပြီးချိန်များ မတူညီ၍ အိမ်ပြန်ချိန်များ မတူညီကြဟု ဒေါ်ကြူကြူဝင်းက ဆိုသည်။ ထို့ ကြောင့် ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန် ဖယ်ရီကားများ မစီးကြဟု ဆိုသည်။

တက္ကသိုလ်ကျောင်းသားများ အတွက် ကျောင်းကားသီးသန့် ပြေးဆွဲပေးသည်သာ အကောင်း ဆုံးဟု ဒေါ်ကြူကြူဝင်းက ပြော သည်။ ‘‘ကျောင်းကားက ကျောင်း ကား စိတ်ဓာတ်ပေါ့။ ငါတို့ကား ပေါ်မှာ ကျောင်းသားတွေပါလား ဆိုတဲ့ အသိလေးရှိတာပေါ့။ ဒါဆို ရင် မဆင်မခြင်လုပ်လိမ့်မယ်မ ထင်ဘူး’’ဟု ၎င်းက အကြံပေး သည်။

အဖြစ်ဆိုးမှ ခြောက်လှန့်ခံနေရ သော ယာဉ်မောင်း ဦးဇော်ကိုကိုမြင့်

ယာဉ်တိုက်မှုဖြစ်စဉ်တွင် အမှတ် (၅၅) ယာဉ်လိုင်းမှ လမ်း ပြောင်းပြန် မောင်းနှင်လာသော ကြောင့် အတိုက်ခံခဲ့ရသည့် (၃၇) ယာဉ်လိုင်း မောင်းနှင်သူ ဦးဇော် ကိုကိုမြင့်သည် မြောက်ဥက္ကလာပ မြို့နယ် မေဓာဝီဆေးရုံ ဦးနှောက် နှင့် အာရုံကြောဌာနတွင် ဆေး ကုသမှုခံယူနေသည်။ အဖြစ်ဆိုး ကြုံထားသည်မှာ ရက်ပိုင်းသာရှိ သေး၍ အဖြစ်ဆိုးအကြောင်း ပြန် တွေးရင်း ပြန်ပြောပြရန် အဆင် သင့်မဖြစ်သေးပေ။

ဦးဇော်ကိုကိုမြင့်သည် အ သက် (၁၈)နှစ်ခန့်ကတည်းက ကားမောင်းလာသူဖြစ်ပြီး ယခု (၃၉)နှစ်ရှိပြီဖြစ်၍ ကားမောင်း သက် နှစ် ၂၀ ကျော်ပြီဟု ဦးဇော် ကိုကိုမြင့်၏ ဇနီး မကေဂျာက ပြောသည်။ ဦးဇော်ကိုကိုမြင့်သည် ကားနှင့်ပတ်သက်၍ ကျွမ်းကျင်သူ ဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေ လုပ် ဖော်ကိုင်ဖက်ဖြစ်သော ဦးဝင်းဇော်ဦးနှင့်မကေဂျာက ပြောသည်။

လူနာစောင့် ဦးဝင်းဇော်ဦး က ယာဉ်တိုက်မှုအကြောင်း အ မှတ်တမဲ့မေးလိုက်မိလျှင် ဦးဇော် ကိုကိုမြင့်၏ မျက်လုံးများ ပြူးလာ ပြီး ကြောက်လန့်လာတတ်သည်၊ ထို့ကြောင့် ၎င်းတို့က ယာဉ်တိုက်မှု အကြောင်းကို လတ်တလော မေး မြန်းခွင့် မပြုပေ။

ဇူလိုင် ၉ ရက်က သင်္ဂြိုဟ်ခဲ့ သည့် မခင်ပွင့်ဖြူ၊ ကိုကျော်သူ၊ မချိုချိုသန်းတို့ သုံးဦးတွင် တက္က သိုလ်ကျောင်းသူဖြစ်သည့် မခင် ပွင့်ဖြူ၏ နာရေးသို့ အင်းစိန်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် များက လာရောက်နှစ်သိမ့်အား ပေးခဲ့ပြီး ဈာပနသို့ ရန်ကုန်တိုင်း ဒေသကြီးလမ်းပန်းဆက်သွယ်ရေး နှင့် လျှပ်စစ်ဝန်ကြီး ဒေါ်နီလာ ကျော်ကိုယ်တိုင်တက်ရောက်ခဲ့ သည်။ သို့သော် အရပ်သားများ ဖြစ်သည့် ကိုကျော်သူ၊ မချိုချို သန်းတို့၏နာရေးသို့ ၎င်းတို့မှော်ဘီ မြို့နယ်၏ လွှတ်တော်ကိုယ်စား လှယ်များ မလာရောက်သလို ဈာပနသို့လည်း မည်သည့်တာဝန်ရှိသူမျှတက်ရောက်ခြင်းမရှိကြောင်း ကျန်ရစ်သူမိသားစုဝင်များက ပြောကြားသည်။

အစိုးရအနေဖြင့် သေဆုံးသူ များအတွက် မည်ကဲ့သို့ နှစ်သိမ့် ပေးမည်ကို ယခုဆောင်းပါးရေး သားချိန် ဇူလိုင် ၁၀ ရက်အထိ မသိရှိရသေးပေ။

အဖြစ်ဆိုးကြောင့် ကွယ်လွန်သူများ၏ ကျန်ရစ်သူမိသားစု ပင် ယခုအချိန်ထိ ဖြေမဆည်နိုင်ကြ ပေ။ ယခုအဖြစ်ဆိုးတွင် တာဝန်ရှိသူများ၏ လျစ်လျူရှုမှုကို မိသားစုအများစုကြုံနေရဆဲဖြစ်သည်။ ကျန်ရစ်သူမိသားစုများတွင် တူညီ

သော ဆန္ဒရှိသည်မှာ ယခုကဲ့သို့ အဖြစ်မျိုး နောင်တွင် ထပ်မံမဖြစ် စေလိုတော့ပေ။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် ဇူလိုင် ၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး လမ်းပန်းဆက်သွယ် ရေးနှင့် လျှပ်စစ်ဝန်ကြီး ဒေါ်နီလာ ကျော်က အရေးပေါ်အစည်းအ ဝေးတစ်ခုပြုလုပ်ခဲ့ပြီး YBS ယာဉ် လိုင်းများ အားလုံး၌ ငွေပုံးများတပ် ဆင်ရန်၊ စပယ်ယာများ ခရီးသည် များကို ကူညီပေးရန်သာ ထားရှိ ရန်ဆုံးဖြတ်လိုက်ကြောင်း အစည်း အဝေးသို့ တက်ရောက်ခဲ့သူကိုတရုတ်လေးကပြောသည်။

ထို့အပြင် YBS ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၀ ဦးကို တစ်ဦးလျှင် ကျပ်၁၀ သိန်းခန့် နစ်နာ ကြေးပေးရန်နှင့် ယာဉ်လိုင်းများ၊ အလှူရှင်များ၏ ကရုဏာကြေးငွေ များနှင့်အတူ ပေးအပ်မည်ဟု အစိုး ရဘက်မှ အကြမ်းဖျင်းဆွေးနွေး ထားသည်များရှိကြောင်း  ၎င်းက ပြောသည်။ ထို့အပြင်မြင်သာ သောဆောင်ရွက်မှုသည် YBS (၅၅)ယာဉ်လိုင်းကို ပိတ်သိမ်းပြီး YBS (၉၀) ဖြင့် အစားထိုးကာကိုယ်ရကိုယ်ယူ စနစ်ကိုလည်း ဖျက်သိမ်းခဲ့သည်။

YBS(၂၁)ယာဉ်လိုင်း ပိုင်ရှင် ကိုတရုတ်လေးက ဇူလိုင် ၇ ရက် အဖြစ်ဆိုးမျိုးနောင်တွင် ထပ်မံ မဖြစ်ပွားစေရန် အချက်နှစ်ချက်ကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောသည်။ ဖြစ်ပွားခဲ့သော ယာဉ် တိုက်မှုသည် မှော်ဘီ−ပြည်လမ်းကဲ့သို့ အဝေးပြေးလမ်းပေါ်တွင် ဖြစ်ပွားခြင်း ဖြစ်ပြီး ထိုလမ်းပေါ်၌ ယာဉ်လိုင်းများသည် အရှိန်မြှင့်၍မောင်းနှင်နေကြောင်း၎င်းတို့တွေ့ ရှိရသည်ဟု သုံးသပ်ပြောကြား သည်။

ထို့ကြောင့် ယာဉ်မောင်းများ ကို ထိန်းချုပ်နိုင်ရန် ကားများ၏ အရှိန်နှုန်းကို စောင့်ကြည့်ရန် GPS တပ်ဆင်ခြင်းများ၊ CCTV တပ်ဆင်ခြင်းများ ပြုလုပ်ရမည် ဖြစ်ကြောင်း အကြံပြုသည်။

ထို့အပြင် ယာဉ်လိုင်းဆိုသည် မှာ ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်၍ ကိုယ်ရကိုယ်ယူစနစ်မျိုးမှ အများပိုင်စနစ်သို့ ပြောင်းလဲရ မည်ဟု ကိုတရုတ်လေးက ဆို သည်။ ‘‘ကိုရီးယားမှာ ဒီစနစ်ကို ခုနစ်နှစ်လောက် အချိန်ယူပြောင်း လဲရတယ်လို့ သူတို့မှတ်တမ်းတွေ မှာ တွေ့တာပေါ့။ တခြားနိုင်ငံ တွေလည်း ဒီတိုင်းပဲ။ ကျွန်တော် ကတော့ အစိုးရက အမြဲတမ်း တွန်းအားပေးနေပါစေပဲ ဆု တောင်းပါတယ်’’ဟု ကိုတရုတ် လေးက ပြောသည်။

၎င်းတို့က YBS ယာဉ်လိုင်း များတွင် ယခုကဲ့သို့ ဖြစ်ရပ်ဆိုးကြီး မျိုး ထပ်မဖြစ်စေချင်တော့သည့် အကြောင်း တူညီသည့် စကား တစ်ခွန်းမျှသာဆိုကြသည်။

ဇူလိုင် ၇ ရက် ယာဉ်တိုက်မှု ကြောင့် ခြေထောက်နှစ်ဖက်စလုံး နှင့် ဘယ်ဘက်လက်ကျိုးသွားခဲ့ သည့် ကိုတိုးဝေလင်းက ‘‘အခုလို ဖြစ်ပြီးမှတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပေမယ့် ကျွန်တော့်ခြေထောက်တွေ အရင်လိုပြန်ကောင်း ပါ့မလားတော့ စိုးရိမ်မိပါတယ်’’ဟု ဆိုပါသည်။

ခင်ပွန်းဆုံးရှုံးခဲ့ရသည့် မဟေမာက ကျန်ရစ်သည့် အသက် (၃)နှစ်နှင့် (၇)နှစ်အရွယ် သားလေးနှစ်ယောက်အတွက် ၎င်းတစ်ဦး တည်းသာ ရုန်းကန်ရပ်တည်ရှာ ဖွေရတော့မည်ဖြစ်သည်။ ထို့ ကြောင့် မဟေမာမစီးချင်သည့် YBS လည်း ဆက်စီးရဦးမည်။ သူ့ အနေနဲ့တော့ တာဝန်ရှိသူများအ နေဖြင့် အကောင်းဆုံးကိုသာ စီ စဉ်နိုင်ပါစေဟုသာ မျှော်လင့်ဆု တောင်းရုံသာရှိပါတော့သည်။
7Day News

No comments:

Post a Comment